ဟားခါး မိုးကြီးရေဘေးဒုက္ခသည်များအတွက် နေအိမ် ထက်ဝက်ပြီးစီး

ဟားခါး မိုးကြီးရေဘေးဒုက္ခသည်များအတွက် နေအိမ် ထက်ဝက်ပြီးစီး
ချင်းပြည်နယ်အတွင်း ၂၀၁၅ခုနှစ်အတွင်း မြေပြိုမှု ဖြစ်ပွားစဉ်။ (ဓာတ်ပုံ- MNA)

ရန်ကုန်၊ ဇန်နဝါရီလ ၉ ရက် ။ ။ ချင်းပြည်နယ် ဟားခါးဒေသရှိ မိုးကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် အိမ်ရာများအတွက် ပြန်လည်ဆောက်လုပ် ပေးလျက်ရှိရာ မူလမျှော်မှန်းချက်၏ ထက်ဝက်ဖြစ်သော အလုံးရေ ၂၀၀ ပြီးစီးသွားပြီဟု သိရသည်။

ယာယီခိုလုံနေရာများမှ အိမ်ထောင်စုများအတွက် ယင်းအိမ်များကို ဟားခါး-ဖလန်း လမ်းမပေါ်တွင် ဆောက်လုပ်ပေးခြင်း ဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှပြောသည်။

သမ္မတဦးသိန်းစိန်၏ လမ်းညွှန်မှုမှာ အိမ်အလုံးရေ ၄၀၀ ဆောက်လုပ်ရန် မျှော်မှန်းထားခြင်းဖြစ်သည်။

"မြတ်နိုးသူ" နှင့် "တင်ဝင်းထွန်း" ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုက ဆောင်ရွက်ခွင့်ရခဲ့သည့် ယင်းအိမ်များသည် အသုံးပြုရန် အသင့်အနေအထားဖြစ်ပြီဟုလည်း သိရသည်။ 

ပြီးခဲ့သည့်နှစ် ဇွန်နှင့် ဇူလိုင်လများက မိုးကြီးမြေပြိုသဖြင့် သွားလာရေးလမ်းကြောင်းများနှင့် လူနေအိမ်များ ပျက်စီးခဲ့သည်။

Ref; GNLM

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required