ပြည်ခိုင်ဖြျိးပါတီကို မဲပေးမည့် တစ်နိုင်ငံလုံးမှ ပြည်တွင်းရွှေ့ပြောင်း မဲဆန္ဒ ရှင်စာရင်းများ ပြုစု

ပြည်ခိုင်ဖြျိးပါတီကို မဲပေးမည့် တစ်နိုင်ငံလုံးမှ ပြည်တွင်းရွှေ့ပြောင်း မဲဆန္ဒ ရှင်စာရင်းများ ပြုစု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပဲခူးတိုင်းဒေသကြီး တောင်သူလယ်သမားရေးရာ လူထုတွေ့ဆုံပွဲကို ပဲခူးမြို့ ရွှေမော်ဓေါ ကွင်းတွင်ဒီဇင်ဘာလ ၂၃ရက်နေ့က ပြုလုပ်ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းတက်ရောက်ခဲ့ပြီး တိုင်းအတွင်းမှ လယ်သမား ရထောင်ခန့်တက်ရောက်ခဲ့ကြသည်။

ရန်ကုန် ဇွန်၊ ၂၄ ။       ။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအား မဲပေးမည့် တစ်နိုင်ငံလုံးမှ ပြည်တွင်း ရွှေ့ပြောင်း မဲဆန္ဒရှင်များ စာရင်းကို ပြုစုရမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီ ဦးတင့်ဇော် က မဇ္ဈိမကို ဇွန်လ ၂၄ရက်ကပြော သည်။

ဇွန်လ ၂၁ရက်တွင် တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်  ပြည်ခိုင်ဖြိုးပါတီ ဗဟို အကြံပေး ဦးအောင်သောင်း ညွှန်ကြားခဲ့သည့် မဲဆန္ဒနယ် ပြင်ပရှိ ထောက်ခံ မဲပေးမည့်သူစာရင်းများကို ကောက်ခံ ပြုစုထားရန် ညွှန်ကြား ခဲ့ခြင်းပေါ် အခြေခံကာ ဦးတင့်ဇော်က ပြောခြင်းလည်းဖြစ်သည်။

၎င်းက  "ပါတီဥက္ကဌပြီးရင် ဦးအောင်သောင်းပဲ၊ ဗဟိုအကြံပေး ဖြစ်တဲ့အတွက် သူပြောတာက မူဝါဒတစ်ခုလို့ အကောင် အထည် ဖော်ရမှာပါ။ တောင်တွင်းကြီးမှာ ပြောခဲ့တော့ အဲဒီကနေတစ်ဆင့် မကွေးတိုင်း တစ်ခုလုံးက မြို့နယ်တွေမှာ စာရင်းပြုစုရမယ်။ တစ်ခြား တိုင်းနဲ့ ပြည်နယ်တွေမှာလည်း အဲဒီလို လုပ်ကြရပါလိမ့်မယ်" ဟု ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် မဲပေးရာတွင် အိမ်ထောင်စုစာရင်း (ပုံစံ ၆၆/၆) ရရှိထားသည့် မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ပါဝင်မည်ဖြစ်ပြီး လက်ရှိ ထုတ်ပြန်ကြေငြာနေသည့် မဲစာရင်းသည် ယင်းပုံစံ ၆၆/၆ကို အခြေခံကာ ပြုစုထားသည့် စာရင်းများ ဖြစ်သဖြင့် ပုံစံအတွင်း မပါရှိသည့် မဲပေးရန် အရည်အချင်း ပြည့်မီသူများ  မဲစာရင်းတွင် ပါရှိမည်မဟုတ်ပေ။

အိမ်ထောင်စုဇယားရှိသည် မြို့နယ်တွင် အမည်စာရင်းပါသော်လည်း ယင်းမြို့နယ်မှ တစ်ခြားမြို့ နယ်သို့ အကြောင်း အမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများက ရောက်ရာအရပ်တွင်ပင် မဲပေးလိုပါက သက်ဆိုင်ရာ ကျေးရွှာ အုပ်ချုပ်ရေး မှုးထောက်ခံချက်၊ ကိုယ်တိုင်ဝန်ခံချက် အပြင် အဖွဲ့အစည်းဝင်၊ အလုပ်သမားများဖြစ်ပါက သက်ဆိုင်ရာ အလုပ်ရှင် ၏ရောက်ရှိနေ သည့် နေရာတွင် ရက်ပေါင်း ၁၈၀ နေထိုင်ပြီး သူဖြစ်ကြောင်း ထောက်ခံ ချက်ဖြင့်ရွေးကောက်ပွဲနေ့ မတိုင်မီတစ် လအတွင်း  ပုံစံ (၃-က) ဖြင့် သက်ဆိုင်ရာ ကျေးရွှာ၊ ရပ်ကွက် ကော်မရှင် ထံလျောက်ထား နိုင်သည်။

ယင်းသို့ ပြည်တွင်းရွှေ့ပြောင်းလုပ်သားများမဲပေးနိုင်ရေး လျောက်ထားမှုတွင် ပြည်ခိုင်ဖြိုးကို မဲပေးမည့်သူမျာ အတွက် ၎င်းတို့က ဆောက်ရွက်ပေးမည်ဟုလည်း ဦးတင့်ဇော်က ဆိုသည်။

၎င်းက"ကိုယ့်ထောက်ခံမယ့်သူ မဲပေးမယ်သူတွေကိုပဲ ပါတီကနေ စာရင်းပြုစုပြီး လျှောက်ပေးနိုင် မှာပေါ့။ သူက ဘယ်မှာ မဲပေးမလဲ ဆိုတဲ့အပေါ်လည်း မူတည်တယ်။ မိသားတစ်စုမှာ မိဘတွေက ပြည်ခိုင်ဖြိုးကို မဲပေးမယ်၊ ကျွန်မတို့ သားလဲပေးမှာ ဒါပေမယ့် သူက တစ်ခြားမြို့နယ်ကို ရောက်နေ တယ်ဆိုရင် ကျွန်တော်တို့က လုပ်ပေးမယ်" ဟု ဆိုသည်။

တောင်တွင်းကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ် ဦးသန်းဝင်းကလည်း "တောင်တွင်းကြီးကနေ လောက်ကိုင်လိုနေရာမျိုး မှာ အလုပ်သွားလုပ်သူတွေရှိတယ်။ သူတို့ မဲပေးနိုင်ဖို့ ကျွန်တော်တို့က အဲဒီလိုလူတွေ စာရင်းကို ပြုစုကြဖို့ ဦးအောင်သောင်းက အသိပေးသွားပါတယ်။ အဲဒီ စာရင်းတွေကို သူသက်ဆိုင်ရာ ကော်မရှင်တွေကို တင်ပြပြီး မဲပေးနိုင်ဖို့ လုပ်ပေးဖို့ အတွက်ပါ" ဟု မဇ္ဈိမ ကိုပြောသည်။

ပြည်ခိုင်ဖြိုးသည် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အငြင်းပွားဖွယ် ကြိုတင်ဆန္ဒမဲများဖြင့် တစ်နိုင်ငံလုံး၏ ၇၆ရာခိုင်နှုန်း ကို အနိုင်ရရှိထားသည့် အာဏာရပါတီလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly