အိုင်အက်စ်အဖွဲ့က မွတ်စလင်ဥပုသ်လအထိမ်းအမှတ် ကိုအာရ်ကျမ်းရွတ်ဖတ်ပွဲကျင်းပပြီး ယှဉ်ပြိုင်အနိုင် ရသူများကို အမျိုးသမီး လိင်ကျေးကျွန်များ ဆုအဖြစ်ချီးမြှင့်

အိုင်အက်စ်အဖွဲ့က မွတ်စလင်ဥပုသ်လအထိမ်းအမှတ် ကိုအာရ်ကျမ်းရွတ်ဖတ်ပွဲကျင်းပပြီး ယှဉ်ပြိုင်အနိုင် ရသူများကို အမျိုးသမီး လိင်ကျေးကျွန်များ ဆုအဖြစ်ချီးမြှင့်

အိုင်အက်စ်အဖွဲ့က မွတ်စလင်ဥပုသ် ရမဇန်လအထိမ်းအမှတ်အဖြစ် ကိုအာရ်ကျမ်းရွတ်ဖတ်ပွဲကျင်းပကာ အနိုင်ရကြသူများကို ဖမ်းဆီးထားသည့် အမျိုးသမီးများအား လိင်ကျေးကျွန်အဖြစ် ဆုအနေနဲ့ ချီးမြင့်လျက်ရှိကြောင်း သတင်းများထွက်ပေါ်လာသည်။

ဆီးရီးယားနှင့် အီရတ်တို့ကို တိုက်ခိုက်သိမ်းပိုက်ရာမှ ဖမ်းဆီးလာခဲ့သည့် အမျိုးသမီးလိင်ကျေးကျွန်များကို ယင်းပြိုင်ပွဲတွင် ဆုအဖြစ် ချီးမြင့်ခြင်းဖြစ်ကြောင်း တွစ်တာအကောင့်တစ်ခုတွင် ကြေညာထားသည်။

ရမဇန်ပွဲတော် ဇွန် ၁၉ တွင် စတင်ချိန်မှ၍ ပြိုင်ပွဲစတင်ကျင်းပမည်ကြောင်း ဂျီဟတ်တွစ်တာအကောင့်တွင် ကြေညာခဲ့ခြင်းဖြစ် သည်ဟု ဖော့နယူးက သတင်းဖော်ပြသည်။

ယင်းပြိုင်ပွဲကို ဆီးရီးယားရှိ အယ်လ်ဘာရာကာပြည်နယ်တွင် ကျင်းပနေခြင်းဖြစ်သည်ဟု လူမှုမီဒီယာများပေါ်မှ အစွန်းရောက် အဖွဲ့များကို ခြေရာခံနေသည့် သုတေသနအဖွဲ့နှစ်ဖွဲ့က ပြောသည်။

ဂျီဟတ်တွစ်တာပေါ်တွင် ကြေညာထားသည်မှာ ”ကိုအာရ်အထိမ်းအမှတ်ရွတ်ဖတ်ယှဉ်ပြိုင်မှု စမည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်ကြ သူများက စစ်ဆေးစမ်းသပ်ခံရမည်ဖြစ်ပြီး ဆုကြေးများလည်း ချီးမြှင့်မည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

ထိုထုတ်ပြန်ကြေညာချက်တွင် ယှဉ်ပြိုင်သူများတွင် ထိပ်တန်းရောက်ဆယ်ဦးအတွက် ဆုများကိုလည်း ဖော်ပြထားသည်။

ထိပ်ဆုံးအဆင့်သုံးဆင့်ရသူများအနေဖြင့် အမျိုးသမီးလိင်ကျေးကျွန်တစ်ဦးစီကို ဆုအနေဖြင့် ချီးမြှင့်ခံရမည်ဟု ဖော်ပြထားသည်။ ” ပထမတန်းအဆင့်ဝင်တဲ့အနိုင်ရသူကို စစ်ပွဲအတွင်းက ဖမ်းလာတဲ့ အမျိုးသမီးလိင်ကျွန်တစ်ဦးစီကို ဆုချီးမြှင့်သွား မည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

ကြေညာချက်တွင် ယှဉ်ပြိုင်သူများက ဗလီသို့လာရောက်ယှဉ်ပြိုင်ရမည်ဖြစပြီး ပေးအပ်မည့်ဆုများတွင် လိင်ကျွန်မိန်းကလေး များအပါအဝင် ဒေါ်လာ ၅၀၀ နှင့် ညီမျှသည့် ဆီးရီးယားငွေလည်း ပါဝင်သည်ဟု ဖော်ပြထားသည်။

Ref: Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required