အက်စပန်ညိုပွဲမှ အဖြစ်အပျက်အတွက် ဆွာရက်ဇ်နှစ်ပွဲပယ်ခံရ

အက်စပန်ညိုပွဲမှ အဖြစ်အပျက်အတွက် ဆွာရက်ဇ်နှစ်ပွဲပယ်ခံရ

ဇန်နဝါရီ ၉၊ ဘာစီလိုနာ ။             ။ ကိုပါဒယ်ရေးဖလားပွဲအပြီးတွင် ဘာစီလိုနာနှင့် အက်စပန်ညို ကစားသမားများအကြား ရုန်းရင်းဆန်ခတ်ဖြစ်အောင် အစပျိုးခဲ့သည့် ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ် နှစ်ပွဲပယ်ပြစ်ဒဏ်ချခံရသည်။

ဗုဒ္ဓဟူးနေ့တွင် ဘာစီလိုနာက ၄-၁ ဂိုးဖြင့်အနိုင်ရသည့်ယင်းပွဲအပြီးတွင် အသက် ၂၈ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်သည် အဝတ်လဲခန်းသို့သွားရာ ဥမင်အတွင်း ပြိုင်ဘက်ကစားသမားများကို ခြိမ်းခြောက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။

ဗုဒ္ဓဟူးနေ့တွင်ကစားမည့် ၁၆သင်းအဆင့် ဒုတိယအကျော့အပါအဝင် ကိုပါဒယ်ရေးပွဲစဉ်နှစ်ပွဲအတွက်သာ ပွဲပယ်ပြစ်ဒဏ်ချခံရခြင်းဖြစ်သည်။ လာလီဂါအမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်နေသော ဘာစီလိုနာအသင်းသည် ဆွာရက်ဇ်၏ပြစ်ဒဏ်ကို အယူခံဝင်သွားမည်ဖြစ်သည်။

"ဒိုင်လူကြီးရဲ့အစီရင်ခံစာမှာရေးထားတဲ့အတိုင်း ကစားသမားဖြစ်သူဟာ ကြမ်းတမ်းတဲ့စကားလုံးတွေသုံးခဲ့တယ်ဆိုတာ မဟုတ်မှန်ဘူးလို့ အသင်းက ချေပသွားမှာဖြစ်ပါတယ်"ဟု ဘာစီလိုနာအသင်းက ကြေညာချက်ထုတ်ထားသည်။

ကက်တလန်ဒေသပြိုင်ဘက်များဖြစ်ကြသော ဘာစီလိုနာနှင့် အက်စပန်ညိုတို့တွေ့ဆုံသည့်ပွဲများတွင် ပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိပြီး ဇန်နဝါရီ ၂ ရက်ကလည်း အက်စပန်ညိုကွင်းတွင် ဂိုးမရှိသရေသည့်ပွဲ၌ ဘာစီလိုနာတိုက်စစ်မှူး နေမာသည် ပရိသတ်များထံမှ လူမျိုးရေးခွဲခြားအော်ဟစ် ခံရသည်ဟု စွပ်စွဲမှုများ ရှိခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly