ဂျပန်ကုမ္ပဏီများ အမျိုးသမီးများကို အမှုဆောင် ရာထူများတွင် ပိုမိုခန့်ထားလာ

ဂျပန်ကုမ္ပဏီများ အမျိုးသမီးများကို အမှုဆောင် ရာထူများတွင် ပိုမိုခန့်ထားလာ

တိုကျို၊ ဇွန်-၂၄ ။     ။ အမျိုးသမီးဝန်ထမ်းများ ခန့်ထားရေးအတွက် ကုမ္ပဏီကြီးများအား စံသတ်မှတ်စေမည့် ဥပဒတေစ်ရပ်ကို ဇွန်၄ရက်က အောက်လွှွှတ်တော်တွင် အတည်ပြုခဲ့ကြပြီး၊ လောလောဆယ် ကျင်းပနေသည့် ဒိုင်းယတ်လွှတ်တော် ဆွေးနွေး ပွဲတွင် ပြဌာန်းမည့်အလားအလာရှိနေသည်ဟု ဆိုသည်။ 

ကုမ္ပဏီအတော်များများက အမျိုးသမီးအမှုဆောင်များ ခန့်ထားလာခဲ့ကြသော်လည်း တစ်ချို့ကုမ္ပဏီတွေမှာတော့ အလားတူရာထူး များအတွက်အမျိုးသမီးကိုယ်စားလှယ်များ ရှားပါးပြတ်လပ်နေသည်ဟု ဆိုသည်။ အမျိုးသမီးအမှုဆောင်များ စဉ်ဆက်မပြတ်ရေရှည် တိုးပွားလာဖို့အတွက် ကုမ္ပဏီတွေအနေနဲ့ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးစေမယ့် ပိုကောင်းတဲ့နည်းလမ်းတွေကို ရှာဖွေရတော့မှာ ပဲဖြစ်သည်။   

ဝန်ဆောင်မှုနှင့် သတင်းအချက်အလတ်နည်းပညာကုမ္ပဏီများကဲ့သို့သော နိုင်ငံခြားလက်ခွဲကုမ္ပဏီများမှာ အမျိုးသမီး အမှုဆောင် များ ခန့်ထားရာမှာ ပိုပြီး ထက်သန်တက်ကြွကြသည်ဟု ဆိုသည်။ မကြာသေးမီက အမျိုးသမီးများကို အမှုဆောင်ရာထူးများတွင် ခန့်ထားသည့် လှုပ်ရှားမှုမှာ ဘဏ္ဍာရေးလို ရှေးရိုးစွဲတဲ့ လုပ်ငန်းများအထိ ကူးစက်လာခဲ့သည်။  

ပြီးခဲ့သည့် ဧပြီလက Resona Holdings, Inc က အမျိုးသမီးနှစ်ယောက်ကို အမှုဆောင်အရာရှိများအဖြစ် ခန့်အပ်ခဲ့သည်။

အာမခံလုပ်ငန်းနယ်ပယ်တွင်လည်း Dai-chi Life Insurance Co., ၊ Nippon Life Insurance Co.နဲ့ Tokio Marine & Nichido Fire Insurance Co. စသည့်ကုမ္ပဏီများက ယခုနွေဦးကာလကပဲ အမျိုးသမီးများကို အမှုဆောင် (သို့မဟုတ်) စီမံဒါရိုက်တာ ရာထူးများအထိ တိုးမြှင့်ပေးခဲ့ကြသည်ဟု ဆိုသည်။

ဂျပန် စီးပွားရေးဖက်ဒရေးရှင်း (Keidanren)က ဗြိသျှ ဆက်သွယ်ရေးကုမ္ပဏီကြီး၏ ဂျပန်အခွဲတစ်ခုဖြစ်သည့် BT Japan ၏ ဥက္ကဌ ဟာရူနို ယိုရှီဒါ (၅၁နှစ်)ကို ဇွန်၂ရက်နေ့မှာ Keidanren ကောင်စီဝင်ဘုတ်အဖွဲ့၏ ဒုဥက္ကဌအဖြစ် ခန့်အပ်ခဲ့သည်။

Keidanren တွင်မူယိုရှီဒါမှာ ပထမဆုံး အမျိုးသမီးအမှုဆောင်ပဲဖြစ်သည်။ ‘ကျွန်မသာကောင်းကောင်းလုပ်နိုင်ခဲ့ရင် အမျိုးသမီးတွေ အမှုဆောင်ရာထူးတွေမှာ ခန့်အပ်ခံလာရဖို့ အခွင့်အလမ်းတွေ ပိုကျယ်ပြန့်လာမှာပါ’’ဟု ယိုရှီဒါက တက်ကြွစွာ ပြောကြားခဲ့သည်။

၂၀၁၃ခုနှစ် ဧပြီလက အနည်းဆုံး အမျိုးသမီးအမှုဆောင် တစ်ယောက်စီခန့်ထားဖို့ အစိုးရက စာရင်းဝင်ကုမ္ပဏီများကို တောင်းဆို ခဲ့သည်။  Keidanren အသင်းကြီး၏ အဖွဲ့ဝင်ကုမ္ပဏီ ၁၃၀၀အနက် ကုမ္ပဏီပေါင်း ၄၄၀ခန့်မှာ  အမျိုးသမီးအမှုဆောင် အရေအတွက်ကို တိုးမြှင့်ပြီး၊ စီမံအုပ်ချုပ်မှုရာထူးများအထိ ခန့်ထားဖို့အတွက် အစီအစဉ်များကို တီထွင်ကြေညာခဲ့သည်။ 

အမျိုးသမီးများကို အမှုဆောင်ရာထူးများမှာ ခန့်ထားသည့် ကုမ္ပဏီတွေ ပိုများလာမည်ဟု မျှော်လင့်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required