ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များက မားစ်အလွန် နာလန်ထရေး အစီအစဉ်များ အဆိုပြု

ကိုရီးယား စီးပွားရေး လုပ်ငန်းရှင်များက မားစ်အလွန် နာလန်ထရေး အစီအစဉ်များ အဆိုပြု

ဆိုးလ်၊ ဇွန်-၂၄ ။     ။ မကြာသေးမီက အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းရောဂါ မားစ် (MERS)ရဲ့ ရိုက်ခတ်မှုကိုခံရပြီး စိုက်ဆင်းသွားခဲ့သည့် ပြည်တွင်းစီးပွားရေးကို ပြန်လည်လှုပ်ရှားအသက်ဝင်လာရေး အလုပ်အစီအစဉ်များ ချမှတ်အကောင် အထည်ဖော်ရန် တောင်ကိုရီးုယား၏  စီးပွားရေးအသိုက်အဝန်းက တောင်းဆိုလိုက်သည်။

‘မားစ်သောကတွေက အသက်မဲ့နေတဲ့ စီးပွားရေးကို ဆွဲချသွားခဲ့လို့ စီးပွားရေးခေါင်းဆောင်တွေက အခုလို စိတ်ကူးရလာခဲ့တာ ပါ’’ဟု တောင်ကိုရီးယား စီးပွားရေးနှင့် စက်မှုလုပ်ငန်းဌာန (KCCI) ဥက္ကဌ ပက် ယောင်မန်းက ပြောကြားခဲ့သည်။     

KCCI ကပြုလုပ်ခဲ့သည့် လတ်တလောစစ်တမ်းတစ်ခုအရ ပြီးခဲ့သောလက မားစ်ရောဂါ ကူးစက်ပံျ့ပွားမှုကြောင့် အထူးသဖြင့် အသေးစားနှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းကလေးများမှာ ဘဏ္ဍာရေးအကျပ်အတည်း ဆိုက်ကုန်ကြသည်ဟု ဆိုသည်။

နိုင်ငံခြားဝယ်လက်များနဲ့ အစည်းအဝေးတွေကို ဖျက်သိမ်းလိုက်ရတာ၊ ရောင်းအား သိသိသာသာ ကျဆင်းသွားတာ စတဲ့ပြဿနာများ ကိုကြုံတွေ့ခဲ့ကြရသည်ဟု ဆိုသည်။  

မားစ်သောကများကြောင့် ဖြစ်ရတဲ့ အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းပြီး အားနည်းချည့်နဲ့နေတဲ့ စီးပွားရေးကို သွေးသစ်လောင်း ဖို့အတွက် အစိုးရနဲ့ ကော်ပိုရေးရှင်းကဏ္ဍတို့ ပိုပြီး နီးနီးကပ်ကပ် ပူးပေါင်းအလုပ်လုပ်ဖို့ဟာ အရေးကြီးပါတယ်’ဟု ပက်ကပြော ကြားခဲ့သည်။

စီးပွားရေးကို မြှင့်တင်ရန်အတွက် ကော်ပိုရေးရှင်းအဆင့်တွင် ဆွေးနွေးနေသည့် အလုပ်အစီအစဉ်များထဲတွင် စီစဉ်ထားသည့် အတိုင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် နိုင်ငံခြားဧည့်သည်များ ကိုရီးယားသို့ ပြန်လာရေး အထောက်အကူပြုခြင်းများ ပါဝင်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required