အမေရိကန် အမျိုးသား လုံခြံုရေးအေဂျင်စီ ကပြင်သစ် သမ္မတများကို ထောက်လှမ်းခဲ့ဟု ၀ီကီလိခ်ဖော်ထုတ်

အမေရိကန် အမျိုးသား လုံခြံုရေးအေဂျင်စီ ကပြင်သစ် သမ္မတများကို ထောက်လှမ်းခဲ့ဟု ၀ီကီလိခ်ဖော်ထုတ်

ပါရီ၊ ဇွန် ၂၄ ။   ။ အမေရိကန်အမျိုးသား လုံခြုံရေးအေဂျင်စီသည် ပြင်သစ်သမ္မတ များဖြစ်သော ဂျက်ရှီးရတ်၊ နစ်ကိုလတ်ဆာကော် ဇီနှင့် ဖရန်ဆွာအော်လွန်းဒ်တို့ကို ထောက်လှမ်းခဲ့ကြောင်း ထိပ်တန်းလျို့ဝှက်ထောက်လှမ်းရေးအစီအရင်ခံစာများ၊ နည်းပညာ စာရွက်စာတမ်းများကို ကိုးကားလျက် ဇွန် ၂၃ ကထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တစ်ခုတွင် ဝီကီလိခ်က ဖော်ပြခဲ့သည်။

ယင်းထုတ်ဖော်မှုများကို ပြင်သစ်နေ့စဉ်သတင်းစာ Liberation တွင် ပထမဆုံးဖော်ပြခဲ့ပြီး သတင်းဝက်ဘ်ဆိုက် Mediapart တွင် လည်း အမေရိကန်အမျိုးသားထောက်လှမ်းရေး NSA သည် အနည်းဆုံး ၂၀၀၆ခုနှစ်မှ ၂၀၁၂ခုနှစ် မေလအထိ ထောက်လှမ်းခဲ့ သည်ဟု ဖော်ပြထားသည်။

၂၀၁၂ခုနှစ် မေလသည် ဆာကော်ဇီထံမှ အော်လွန်းဒ်က အာဏာလွဲပြောင်းယူသည့်ကာလဖြစ်သည်။

ဖော်ထုတ်သည့် စာရွက်စာတမ်းများမှာ အော်လွန်းဒ်( ၂၀၁၂မှ ယခု)၊ ဆာကော်ဇီ(၂၀၀၇မှ ၂၀၁၂)၊နှင့် ရှီးရတ်(၁၉၉၅မှ ၂၀၀၇) အပြင် ပြင်သစ်ကက်ဘိနက်ဝန်ကြီးများနှင့် အမေရိကန်ဆိုင်ရာ ပြင်သစ်သံအမတ် တို့၏ ဆက်သွယ်မှုများကို NSA ကထောက် လှမ်းမှုကို တိုက်ရိုက်ပစ်မှတ်ထားမှုမှ ဆင်းသက်ခဲ့ခြင်းဖြစ်သည်ဟု ဝီကီလိခ်က ပြောကြားခဲ့သည်။

ဖော်ထုတ်ခဲ့သည့် စာရွက်စာတမ်းများတွင် သမ္မတ၏ တိုက်ရိုက်ဆဲလ်ဖုန်းအပါအဝင် Elysee သမ္မတနန်းတော်ရှိ များပြားလှသော အရာရှိများ၏ ဆဲလ်ဖုန်းနံပါတ်များလည်း ပါဝင်ခဲ့သည်ဟု ဝီကီလိခ်ကပြောကြားခဲ့သည်။

ထို့အပြင် စာရွက်စာတမ်းများတွင် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်း၊ ဂရိအကြွေးအကျပ်အတည်းနှင့် ပတ်သက် ၍ပြင်သစ် အစိုးရအရာရှိများကြား ပြောဆိုမှုအကျဉ်းချုပ်များနှင့် အော်လွန်းဒ်အစိုးရနှင့် အိန်ဂျလာမာကယ်၏ ဂျာမန်အစိုးရကြား ဆက်သွယ်မှုလည်းပါဝင်သည်ဟု သိရသည်။

ဝါရှင်တန်သည် ဂျာမနီတွင် ကြီးမားကျယ်ပြန့်သည့် အီလက်ထရောနစ်ထောက်လှမ်းမှုများပြုလုပ်ခဲ့သည့်အပြင် မာကယ်၏ဖုန်းကို ခိုး၍နားထောင်ခဲ့သည်ဟု NSA ဝန်ထမ်းဟောင်း အက်ဒွပ်စနိုးဒင်က ဖွင့်ချခဲ့ရာ ဂျာမနီတွင် အုတ်အော်သောင်းတင်းဖြစ် သွားခဲ့ သည်။

ဂျာမနီနှင့် ပတ်သက်သည့် ဖော်ထုတ်မှုများမှာ အကြီးတန်းအရာရှိများကိုသာ အမေရိကန်ထောက်လှမ်းရေးက ပစ်မှတ်ထားခဲ့ သည်ဆိုသည့် အချက်အလက်ကို အဓိကထားခဲ့သည်ဆိုသော်လည်း ဝီကီလိခ်၏ ယနေ့ထုတ်ပြန်မှုက မဟာမိတ်များအပေါ် အမေရိကန်က ထောက်လှမ်းမှုမှာ ပိုမိုကြီးမားကျယ်ပြန့်သည်ဆိုသည်ကို သိရှိလာစေခဲ့သည်ဟု ဝီကီလိခ်က ပြောကြားခဲ့သည်။

အဆိုပါသတင်းထွက်ပေါ်မှုနှိင့် ပတ်သက်၍ ပြင်သစ်သမ္မတရုံးထံမှ သုံးသပ်ချက်ချက်ခြင်းမရရှိခဲ့ပေ။ မကြာသေးမီ ကာလတွင် အရေးကြီးသည့် ထုတ်ဖော်မှုများထွက်ပေါ်လာမည်ဟု ပြင်သစ်စာဖတ် ပရိသတ်များက မျှော်လင့်နိုင်သည်ဟု ဝီကီလိခ်က ပြောကြားခဲ့သည်။

ဝီကီလိခ်သည် လွန်ခဲ့သည့်သီတင်းပတ်က ဆော်ဒီအာရေးဘီးယားမှ သံတမန်ကြေးနန်းသတင်း ၆၀,၀၀၀ကျော်ကို ထုတ်ပြန်ခဲ့ပြီး လာမည့်သီတင်းပတ်များတွင် သန်းဝက်မျှရှိသော ကြေးနန်းသတင်းများ ထုတ်ပြန်မည်ဟု ဝီကီလိခ်က ၎င်းဝက်ဘ်ဆိုက် တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly