သူဌေး တစ်ဦးနဲ့ တွဲနေတဲ့ မင်းသမီး ကင်ဂျောင်အန်

သူဌေး တစ်ဦးနဲ့ တွဲနေတဲ့ မင်းသမီး ကင်ဂျောင်အန်

ကေပေါ့ပ်ဟာရယ် (ဆိုးလ်၊)။ ။ တောင်ကိုရီးယား မင်းသမီး ကင်ဂျောင်အန်သည် သူဌေး တစ်ဦးနှင့် တွဲလျက်ရှိကြောင်း ဇွန် ၂၄ ရက်ထုတ် Wonan Senser မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

“ကင်ဂျောင်အန်ဟာ လက်ရှိအချိန်တွင် သူဌေး တစ်ဦးနဲ့ တွဲနေပါတယ်။ ကင်ဟာ MBC ရုပ်သံဒရမ်မာဇာတ်ကား Make a Woman Cry ဇာတ်ကားအတွက် ရိုက်ကူးရေး အစီစဉ်များနဲ့ အလုပ်ရှုပ်နေသော်လည်း ချစ်သူနေအိမ်သို့
သောကြာနေ့တိုင်း သွားရောက်နေပါတယ်” ဟု Woman Sense မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ကင်ဂျောင်အန်တို့၏ ဆက်ဆံရေးကို သိသူအများအပြား ရှိကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် လက်ထပ်ရမည့် အရွယ်
လွန်နေပြီ ဖြစ်သောကြောင့် လက်ထပ်ရန် စီစဉ်လျက်ရှိကြောင်း ကင်နှင့်ရင်းနှီးသော သတင်းအရင်းမြစ် တစ်ခုက
ပြောကြားခဲ့ကြောင်း မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

“သတင်းဖော်ပြချက်တွေကြောင့်  လက်ထပ်ပွဲနဲ့ ပတ်သက်တဲ့ ကောလဟာလများကို ကျွန်တော်တို့ ကြားသိရပါတယ်။
နှစ်ဦးသား ဆက်ဆံရေးအမှန်ကို ကျွန်တော်တို့ အတည်ပြုပေးဖို့ လိုအပ်နေပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော်တို့ ကင်ကို မေးမြန်းဖို့ လိုအပ်နေပါတယ်။ ဒါပေမဲ့ ဇွန် ၂၂ ရက် ညနှောင်းပိုင်းက ကားရိုက်ပြီးစီးခဲ့တာကြောင့် ကင်နှင့် အဆက်သွယ်ရဖို့ အခက်အခဲ ရှိနေပါတယ်” ကင်၏ အေဂျင်စီမှ ကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly