ပီယာလိုကိုခေါ်ယူရန် နယူးယော့ခ်စီးတီးအသင်း ဆွေးနွေးနေ

ပီယာလိုကိုခေါ်ယူရန် နယူးယော့ခ်စီးတီးအသင်း ဆွေးနွေးနေ

ဇွန် ၂၄၊ တူရင်။ ။ အီတလီကွင်းလယ်ကစားသမားပီယာလိုနှင့် အမေရိကန်မေဂျာလိဂ်ကလပ် နယူးယော့စ်စီးတီးအသင်းတို့သည် အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးနေပြီဖြစ်သည်။

မည်သည့်သဘောတူညီချက်မှရထားခြင်းမရှိသေးသော်လည်း ပီယာလိုက စာချုပ်ရန် ဆုံးဖြတ်ဖြစ်ခဲ့ပါက ဇူလိုင် ၁၂ တွင် တိုရွန်တိုအသင်းနှင့် ကစားရမည့်ပွဲ၌ နယူးယော့ခ်စီးတီးအသင်းဖော် လမ်းပတ်နှင့်တွဲဖက် ပွဲထွက်ခွင့်ရမည်ဖြစ်သည်။

ပီယာလိုသည် ဂျူဗင်တပ်အသင်းနှင့်စာချုပ်သက်တမ်းတစ်နှစ်ကျန်သေးသော်လည်း ထွက်ခွာခွင့်ပြုစေချင်သည်ဟု အီတလီစီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းထံ တောင်းဆိုထားသည်။

အသက် ၃၆ နှစ်အရွယ်ရှိဝါရင့်ကွင်းလယ်ကစားသမားသည် ဇွန် ၆ က ဘာစီလိုနာအသင်းကို ၃-၁ ဂိုးဖြင့်ရှုံးသည့်ချန်ပီယံလိဂ် ဗိုလ်လုပွဲ၌ ဂျုဗင်တပ်ပွဲထွက်လူစာရင်းတွင်ပါဝင်ခဲ့သည်။ အေစီမီလန်နှင့် ဂျူဗင်တပ်တွင်ကစားခဲ့သည့်ကာလအတွင်း စီးရီးအေဖလား ခြောက်လုံးရခဲ့သူ ဖြစ်သည်။

အေစီမီလန်အသင်းတွင်ကစားစဉ်က ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ရခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အီတလီလက်ရွေးစင်အသင်းနှင့် ကမ္ဘာ့ဖလားရယူနိုင် ခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly