ဓာတ်ပုံဆရာကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအတွက် တရားရုံးက ပြစ်ဒဏ်ချမှတ်ထားသော လူမှုရေးလုပ်ငန်များတွင် ပါ၀င်ဆောင်ရွက်မှု ပြီးစီးလုနီးပါး ဖြစ်နေပြီတဲ့ ကာနေးဝက်စ်

ဓာတ်ပုံဆရာကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအတွက် တရားရုံးက ပြစ်ဒဏ်ချမှတ်ထားသော လူမှုရေးလုပ်ငန်များတွင် ပါ၀င်ဆောင်ရွက်မှု ပြီးစီးလုနီးပါး ဖြစ်နေပြီတဲ့ ကာနေးဝက်စ်

စီအင်န်အေ (လော့စ်အိန်ဂျလိစ်၊)။ ။ အမေရိကန် ရက်ပ်အဆိုတော် ကာနေးဝက်စ်သည် လော့စ်အိန်ဂျလိစ် နိုင်ငံတကာ
လေဆိပ်အပြင်ဘက်တွင် ဓာတ်ပုံဆရာ တစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် ချမှတ်ထားသော ပြစ်ဒဏ်ဖြစ်သည့် လူမှုရေး လုပ်ငန်းများတွင် လုပ်ဆောင်မှုမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ၎င်း၏ ရှေ့နေက ဇွန် ၂၃ ရက်တွင် တရားရုံးကို
ပြောကြားခဲ့သည်။

ဝက်စ်သည် လော့စ်အိန်ဂျလိစ် တရားရုံးချုပ်တွင် လာရောက်ကြားနာခဲ့ခြင် းမရှိသော်လည်း ၎င်း၏ ရှေ့နေ ဘလာရီအာဘက်ခ်က ဝက်စ်သည် လူမှုရေး လုပ်ငန်းများတွင် နာရီ ၂၅၀ လုပ်ဆောင်ရန် တရားရုံးကချမှတ်ထားသော နာရီများအနက် နာရီပေါင်း၂၂၈ နာရီ ပြီးစီးခဲ့ပြီဖြစ်ကြောင်းနှင့် စက်တင်ဘာ ၁၅ ရက်မတိုင်မီ ကျန်ရှိသည့် နာရီများ ပြီးစီးနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ဝက်စ်သည် ၂၀၁၃ ဇူလိုင်လက လော့စ်အိန်ဂျလိစ် နိုင်ငံတကာ လေဆိပ်အပြင်ဘက်တွင် ဓာတ်ပုံဆရာ ဒါနီရဲလ်ရာမော့စ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ TMZ သတင်းဌာနက တင်ခဲ့သော အဆိုပါဖြစ်ရပ် ဗီဒီယိုဖိုင်တွင် ကာနေးဝက်စ်သည် ရာမောက်စ်ကို လက်သီးဖြင့် ထိုးခဲ့သည်ကို တွေ့မြင်ရပြီး အစိုးရရှေ့နေများက ကာနေးဝက်စ်ကို ဓာတ်ပုံဆရာထံမှ ပစ္စည်းကို ရယူရန်ကြိုးပမ်းမှု စွဲချက်တင်ခဲ့သည်။ ဝက်စ်သည် ၂၀၁၂ ခုနှစ်က ရုပ်မြင်သံကြား အကျော်အမော် ကင်ကာဒစ်ရှန်နှင့် တွဲခဲ့သည့် အချိန်ကစ၍ ပါပါရာဇီများ၏ စောင့်ကြည့်မှုများကို စတင်ခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် ဝက်စ်နှင့် ကင်ကာဒစ်ရှန်တို့သည် လက်ထပ်ခဲ့ကြပြီး သမီးလေ နော့ဝက်စ်ကို မွေးဖွားခဲ့သည်။

၂၀၁၃ ခုနှစ်က ဝက်စ်သည် အဆိုပါစွဲချက်ကို ခုခံပြောဆိုခြင်း မရှိဘဲ လျှောက်လဲခဲ့မှုကြောင့် ၂၀၁၄ ခုနှစ် မတ်လတွင်  ဝက်စ်သည် နှစ်နှစ်ခံဝန်ချုပ်ဖြင့် နေရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရကြောင်းနှင့် နှစ်နှစ်ခံဝန်ချုပ်တွင် လူမှုရေး လုပ်ငန်းများတွင် လုပ်ဆောင်ရန်နှင့် ဒေါသထိန်းချုပ်မှု ဆွေးနွေးဆောင်ရွက်မှုများ လုပ်ဆောင်ရန် ပါဝင်သည်။

ကာနေးဝက်စ်သည် ဒေါသထိန်းချုပ်မှု ဆွေးနွေးဆောင်ရွက်မှုများ အားလုံးပြီးစီးခဲ့ပြီဖြစ်ကြောင်း ဇွန် ၂၃ ရက်တွင် ဘရက်ခ်က ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required