ကေအိုင်အေက တပ်သားအဖြစ် စုဆောင်းသွားသည့် အရပ်သားများအား ပြန်လွှတ်ရန် SNLD တောင်းဆို

ကေအိုင်အေက တပ်သားအဖြစ် စုဆောင်းသွားသည့် အရပ်သားများအား ပြန်လွှတ်ရန် SNLD တောင်းဆို

ရန်ကုန်၊ ဇန်နဝါရီ ၃ ။ ။  ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နှင့် မူဆယ်မြို့နယ်မှ အရပ်သားပြည်သူများကို ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)တပ်တွင် စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်မှု ဖြစ်ပေါ်နေသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ဇန်နဝါရီ ၂ရက် ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်လိုက်သည်။ 

"ပြည်သူလူထုများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်မှုထမ်းစေခြင်းသည် အလွန်မတန် အလျော်ကန်သော လုပ်ရပ်အဖြစ် ပြစ်တင်ရှုံချလိုက်ပါသည်။ ဖမ်းဆီးရန် ခေါ်ဆောင်သွားသူများကို သက်ဆိုင်ရာ အဖွဲ့အစည်းအနေဖြင့် ချက်ချင်းအမြန်ဆုံး လွှတ်ပေးရန် လေးလေးနက်နက်တောင်းဆိုလိုက်သည်" ဟု SNLDက ကြေငြာချက်တွင် တောင်းဆိုထားသည်။

ယင်းလုပ်ရပ်အပေါ် စိုးရိမ်မှုများကြောင်း နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကိစ္စကို ဦးစားပေး ဆောင်ရွက်နေပြီး ရွေးကောက်ပွဲ အနိုင်ရပါတီအား အာဏာလွှဲပြောင်းပေးရေးအတွက် ညှိနှိုင်းဆောင်ရွက်နေသည့် ယခုအချိန်သည် အလွန် သိမ်မွေ့သော အချိန်အခါဖြစ်ကြောင်း SNLDက ဆိုထားသည်။ 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်ပေါ်ရန် ကြိုးပမ်းနေသည့် ကာလတွင် ငြိမ်းချမ်းစွာ နေထိုင်လိုကြသည့် အရပ်သားပြည်သူများ၏ လုံခြုံရေး နှင့် အေးချမ်းသာယာရေးကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရမည့် ကာလလည်း ဖြစ်သည်ဟု ဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags