ကဝမြို့နယ် ရွှေတစ်ဆုပ်ကျေးရွာ စစ်တောင်းမြစ် ကမ်းပါးပြိုမှု ၈၈မျိုးဆက် သွားကူညီ

ကဝမြို့နယ် ရွှေတစ်ဆုပ်ကျေးရွာ စစ်တောင်းမြစ် ကမ်းပါးပြိုမှု ၈၈မျိုးဆက် သွားကူညီ
စစ်တောင်းမြစ်ကမ်းပါးပြိုနေသည့် ပဲခူးတိုင်းဒေသကြီး ၊ ကဝမြို့နယ် ရွှေတစ်ဆုပ်ကျေးရွာ မြင်ကွင်း။ (ဓာတ်ပုံ- ၈၈မျိုးဆက်ဖေ့စ်ဘုတ်)

ရန်ကုန်၊ ဇန်နဝါရီ ၂ ။ ။ ပဲခူးတိုင်းဒေသကြီး ၊ ကဝမြို့နယ် ရွှေတစ်ဆုပ်ကျေးရွာ စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးများ ပြိုကျကာ အိမ်ခြေ ၁၀၆ လုံး ပြောင်းရွှေ့ရသည့်အတွက် ၈၈မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက သွားရောက်ကူညီခဲ့သည်။

အိမ်ခြေ ၂၃၇ အိမ်ရှိ ရွှေတစ်ဆုပ်ကျေးရွာသည် စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးများပြိုကျပြီး ရွာရှိ နေအိမ် ၁၀၆ လုံး ရွှေ့ပြောင်းကြရခြင်း၊ ရွာရှိ အများသုံးသောက်ရေကန် ပျက်စီးရခြင်းများ ဖြစ်ပေါ်လျက်ရှိပြီး ဆက်လက်၍လည်း ပျက်စီးမှု ပြောင်းရွှေ့ရမှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေတွင်ရောက်ရှိနေသည်ဟု ၈၈အဖွဲ့က ဆိုထားသည်။

၈၈ မျိုးဆက် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုဉာဏ်လင်းနှင့် ကိုပဏ္ဍိထွန်းတို့ ဦးဆောင်သောအဖွဲ့သည် မြစ်ရေတိုက်စားမှုကြောင့် ဘေးဒုက္ခသင့်လျက်ရှိနေသော ရွှေတစ်ဆုပ်ကျေးရွာသို့ ဒီဇင်ဘာလ ၃၁ ရက်က သွားရောက်၍ ဆန်အိတ် ၆၁ အိတ်၊ A 1 ငါးသေတ္တာဘူး ၂၀၀၀ ဘူး၊ သောက်ရေသန့် ၆ ဘူးစီပါ ကဒ် ၁၅၀၊ စောင် ၊ ခြင်ထောင်၊ ခေါင်းအုံးနှင့် အဝတ်အထည်မျိုးစုံတို့ကို သွားရောက်လှူဒါန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required