တရုတ်ဆန့်ကျင်ရေးစာအုပ်များရောင်းချသော စာအုပ်ဆိုင်နှင့် ပတ်သက်သူများ ပျောက်ဆုံးမှု ဟောင်ကောင်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး

တရုတ်ဆန့်ကျင်ရေးစာအုပ်များရောင်းချသော စာအုပ်ဆိုင်နှင့် ပတ်သက်သူများ ပျောက်ဆုံးမှု ဟောင်ကောင်ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေး

ဟောင်ကောင်၊ ဇန်နဝါရီ ၂ ။              ။ ဟောင်ကောင်ရှိ တရုတ်ဆန့်ကျင်ရေးစာအုပ်များရောင်းချသော စာအုပ်ဆိုင်နှင့် ပတ်သက်သူများ ပျောက်ဆုံးနေသည်ဆိုသည့် သတင်းအား ဟောင်ကောင် ရဲတပ်ဖွဲ့က   စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အတွင်းဝန်ချုပ် ကယ်ရီလမ်းက ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီအား ဝေဖန်သော အကြောင်းစာအုပ်များရနိုင်သော Causeway Bay Books စာအုပ်စတိုး၏ အဓိကရှယ်ယာဝင်တစ်ဦးဖြစ်သူ မစ္စတာလီပိုသည် ပျောက်ဆုံးနေခဲ့ပြီး ယင်းသို့ပျောက်ဆုံးနေကြောင်း ၎င်း၏ဇနီးက ဇန်နဝါရီ ၁ ရက်နေ့ နေ့လည်က သတင်းပို့ခဲ့သည်ဟု ဆောက်သ်ချိုင်းနားမောနင်းပို့စ်သတင်းစာက ဇန်နဝါရီ ၂ တွင် အစီရင်ခံခဲ့သည်။ စာအုပ်စတိုးနှင့် ပတ်သက်သူ လေးဦးနှင့် ပိုင်ရှင်ဖြစ်သူ ပျောက်ဆုံးပြီး သီတင်းပတ်ပိုင်းအကြာ အသက် ၆၅ နှစ်အရွယ် မစ္စတာလီပျောက်ဆုံးခဲ့ခြင်းဖြစ်သည်ဟု သတင်းစာက ဖော်ပြသည်။

သူမ၏ရုံးမှ ကြေညာချက်တစ်ခုအရ ဟောင်ကောင်အစိုးရသည် ပျောက်ဆုံးသူများ ဟောင်ကောင်တွင်ရှိနေမနေ သို့မဟုတ် ပြည်ပသို့ ခရီးထွက်ခြင်းဟုတ်မဟုတ် အခြေအနေကို စုံစမ်းနေသည်ဟု ပွဲတစ်ခုတက်အပြီး မစ္စလမ်းက သတင်းထောက်များကို ပြောကြားသည်။ သူမက နောက်ထပ်ပြောကြားရန် ငြင်းဆိုခဲ့သည်။

စာအုပ်စတိုးကို ပိုင်ဆိုင်သော Mighty Current ပုံနှိပ်တိုက်ပိုင်ရှင် မစ္စတာ ကွေမင်ဟယ်သည် ဟောင်ကောင်မှ ထွက်ခွာသွားပြီးနောက် ထိုင်းတွင် ပြန်ပေါ်လာသည်ဟု သတင်းစာက အစီရင်ခံသည်။ သို့သော်လည်း ယင်းသတင်းကို မည်သို့ရရှိသည်ဆိုသည်နှင့် ပတ်သက်၍ ဖော်ပြခြင်းမပြုခဲ့ပေ။

စာအုပ်စတိုးမန်နေဂျာ လမ်ဝင်းကေ၊ ပုံနှိပ်တိုက် အထွေထွေမန်နေဂျာနှင့် ပုံနှိပ်တိုက်လုပ်ငန်းမန်နေဂျာ ချောင်ကျိဖင်တို့ နိုဝင်ဘာ ၅က ပျောက်ဆုံးခဲ့သည်ဟု သိရသည်။
၁၉၉၄ခုနှစ်က တည်ထောင်ခဲ့သော ၎င်းစာအုပ်စတိုးသည် ပြည်မကြီးတွင် ပိတ်ပင်ထားသော စာအုပ်များရရှိနိုင်သဖြင့် ပြည်မကြီးမှလာသော ခရီးသည်များကြား လူကြိုက်များနေသည်ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required