မွေးနေ့တွင် တေးသီချင်းဖြင့် ပရိတ်သတ်များကို ကျေးဇူတင်စကားပြောကြားခဲ့တဲ့ လီမင်ဟို

မွေးနေ့တွင် တေးသီချင်းဖြင့် ပရိတ်သတ်များကို ကျေးဇူတင်စကားပြောကြားခဲ့တဲ့ လီမင်ဟို

ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီယား မင်းသားချော လီမင်ဟိုသည် ဇွန် ၂၂ ရက်က မွေးနေ့ပွဲတွင် သီချင်း တစ်ပုဒ်ကို သီဆိုကာ ပရိတ်သတ်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး မွေးနေ့ပွဲကို ဆင်နွှဲခဲ့သည်။

အဆိုပါသီချင်းအတွက် သီချင်းစာသားကို လီကရေးသားခဲ့ပြီး တေးဂီတကို တေးရေးဆရာ တစ်ဦးဖြစ်ပြီး ထုတ်လုပ်သူ တစ်ဦးဖြစ်သူ ဟောင်ချန်ဟီက ရေးသားခဲ့သည်။ ဟောင်သည် ၂၀၁၃ ခုနှစ် မေလက ထွက်ရှိခဲ့သော လီ၏ My
Everything တေးသီချင်း အယ်လ်ဘမ်အတွက် လီနှင့်အတူ အလုပ်လုပ်ခဲ့သူ တစ်ဦး ဖြစ်သည်။

ဇွန် ၂၂ ရက်က သီဆိုခဲ့သော Thank You တေးသီချင်းကို လီသည်  ည ၁၂ နာရီက ၎င်း၏ ပရိတ်သတ်အဖွဲ့ Minoz ဝက်ဆိုက်ဘ်တွင် တင်ခဲ့သည်။

အဆိုပါ တေးသီချင်းတွင် လီက ပရိတ်သတ်များကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပြီး “ကျွန်တော် ခင်ဗျားတို့ ကျွန်တော့်အပေါ် ချစ်ခင်အားပေးမှုတွေအတွက် ပြန်ပေးဆပ်ချင်ပါတယ်။ ဆက်လက် အားပေးသွားမယ်လို့လည်း
မျှော်လင့်ပါတယ်” ဟု ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly