နှစ်သစ်ကူးည မန္တလေးတွင် ယာဉ်မတော်တဆ နှင့် ခိုက်ရန်ဖြစ်ပွားမှု ၂၉မှုရှိ

နှစ်သစ်ကူးည မန္တလေးတွင် ယာဉ်မတော်တဆ နှင့် ခိုက်ရန်ဖြစ်ပွားမှု ၂၉မှုရှိ

မန္တလေး၊ ဇန်နဝါရီ ၂ ။ ။ မန္တလေးမြို့၌ နှစ်သစ်ကူးညပိုင်းတွင် ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှု ၂၉ မှုဖြစ်ပွားခဲ့သည်ဟု မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက မဇ္ဈိမကိုပြောသည်။

အဆိုပါအမှုများမှာ ခိုက်ရန်ဖြစ်ပွားမှု ၁၀ မှုနှင့် ယာဉ်တိုက်မှု ၁၉ မှုတို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"လူငယ်အတော်များများက အရက်သေစာသောက်စားတာတွေကြောင့် ခိုက်ရန်ဖြစ်ပွားတာရယ်နဲ့ ယာဉ်မတော်တဆမှုတွေဖြစ်တာပါ။ အရင်နှစ်တွေထက်စာရင် အရမ်းနည်းသွားပါတယ်။ အသေအပျောက်လည်း မရှိပါဘူး။"ဟု ဒုတိယရဲမှူးကြီး စိန်ထွန်းကပြောသည်။

နှစ်သစ်ကူညမှုခင်းဖြစ်ပွားမှုများမှာ ၂၀၁၃ ခုနှစ်တွင် ခိုက်ရန်ဖြစ်ပွာမှုနှင့်ယာဉ်မတော်တဆမှု ၈၀ ကျော်နှင့်၂၀၁၄ခုနှစ်တွင် ခိုက်ရန်ဖြစ်ပွားမှုနှင့်ယာဉ်မတော်တဆမှု ၅၀ ကျော်ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ခိုက်ရန်ဖြစ်ပွားမှုနှင့် ယာဉ်မတော်တဆမှု ၂၉ မှုသာ ဖြစ်ပွားခဲ့သောကြောင့် တစ်နှစ်ထက်တစ်နှစ် မှုခင်းဖြစ်ပွားမှုလျှော့ကျလာသည်ကို မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသော မှတ်တမ်းများအရသိရသည်။

အဆိုပါနှစ်သစ်ကူးညတွင် ခိုက်ရန်ဖြစ်ပွားမှုများနှင့် ယာဉ်မတော်တဆဖြစ်မှုများကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသူ ၂၄၁ ဦးရှိခဲ့ပြီး အတွင်းလူနာအဖြစ် ၃၇ ဦး၊ ပြင်ပလူနာအဖြစ် ၂၀၄ ဦးရှိသည်ဟု မန္တလေးပြည်သူ့ဆေးရုံကြီးမှ ဆေးလူမှုဆက်ဆံရေးအရာရှိ ဦးမင်းလွင် ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required