အိုဇေးလ်ကို အနားပေးရန်လိုနေသော်လည်း မတတ်နိုင်ဟု အာစင်ဝင်းဂါးပြော

အိုဇေးလ်ကို အနားပေးရန်လိုနေသော်လည်း မတတ်နိုင်ဟု အာစင်ဝင်းဂါးပြော

ဇန်နဝါရီ ၂၊ လန်ဒန် ။              ။ ကွင်းလယ်ကစားသမားအိုဇေးလ် အနားရရန်လိုအပ်နေသော်လည်း အာဆင်နယ်အသင်းအနေဖြင့် မည်သည့်ပွဲတွင်မှ အနားပေးရန်တတ်နိုင်ခြင်းမရှိဟု နည်းပြ အာစင်ဝင်းဂါးက ပြောသည်။

အိုဇေးလ်သည် လေ့ကျင့်မှုမပြတ်လုပ်နေရပြီး ပွဲတိုင်းကစားနေရသည်မှာ အာဆင်နယ်အသင်း၏ချန်ပီယံစိန်ခေါ်မှုတွင် အရေးပါလွန်းသူဖြစ်နေ ၍ဖြစ်သည်ဟု အာစင်ဝင်းဂါးက ပြောသည်။

အာစင်ဝင်းဂါးက "လက်ရှိအချိန်မှာ သူအများကြီး မကစားနိုင်ပါဘူး။ ပွဲချိန်အတွင်းမှာပဲ သူ့ကိုများများအနားပေးထားရတယ်။ နိုင်ငံတကာပွဲကာလမှာ သူ့ကို တစ်ပတ်နားရက်ပေးခဲ့တယ်။

သူက ပွဲထဲမှာပဲအားပြန်ပြည့်အောင်လုပ်ပြီး ကစားချင်နေတဲ့သူပါ။ နည်းစနစ်ပိုင်းပိုင်နိုင်တဲ့ ကစားအများစုဟာ ခွန်အားသိပ်မသုံးဘဲ ကစားတတ်ကြပြီး ဒါကသူတို့ရဲ့ သဘာဝလိုဖြစ်နေပါတယ်။

တခြားကစားသမားတွေအပေါ်မှာလည်း သူရဲ့အကျိုးသက်ရောက်မှုကို ခင်ဗျားမြင်တွေ့ရမှာပါ။ ပရီးမီးယားလိဂ်က ခက်ခဲပြီး ပွဲတစ်ပွဲမှာ ကစားသမားတွေကိုအနားပေးလိုက်မယ်ဆိုရင် တခြားကစားသမားတွေက ခင်ဗျားကိုမပြောပေမယ့် သူတို့စိတ်ထဲမှာ ဘာကြောင့်လဲလို့ တွေးနေလိမ့်မယ်။ အနားပေးခံထားရတဲ့သူကိုယ်တိုင်တောင် တွေးနေလိမ့်မယ်"ဟု နယူးကာဆယ်နှင့်ပွဲမတိုင်မီ ပြောသည်။

ပြီးခဲ့သည့်လက ဆန်းချက်ဇ်ဒူးကောက်ကြောဒဏ်ရာရနေသော်လည်း နော့ဝှစ်ချ်နှင့်ပွဲတွင် စွန့်စားကစားစေခဲ့ခြင်းဖြစ်သည်ဟု ဝင်းဂါးက ဝန်ခံခဲ့ သည်။

ယင်းချီလီတိုက်စစ်ကစားသမားမှာ ပွဲချိန်ဒုတိယပိုင်းတွင် ဒူးကောက်ကြောဒဏ်ရာဖြင့် ကွင်းထဲမှထွက်သွားရပြီး လက်ရှိအချိန်ထိ အနားယူနေ သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly