ပရီးမီးယားလိဂ်မှာ ဘယ်သူဗိုလ်စွဲမလဲ

ပရီးမီးယားလိဂ်မှာ ဘယ်သူဗိုလ်စွဲမလဲ

ဝေဘုန်းလူ ဘာသာပြန်ဖော်ပြသည်။

၂၀၁၅-၁၆ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ ရာသီဝက်ကာလကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။ ပွဲစဉ် ၁၉ ပွဲကစားပြီးချိန်မှာ အာဆင်နယ်အသင်းက ဂိုးကွာခြားချက်အသာနဲ့ ရာသီဝက်ချန်ပီယံဖြစ်သွားခဲ့ပါပြီ။ အာဆင်နယ်ရဲ့နောက်မှာတော့ လက်စတာ၊ မန်စီးတီးနဲ့ စပါးအသင်းတွေက အစဉ်လိုက် ရပ်တည်နေကြပါတယ်။

ရာသီဝက်ချန်ပီယံဖြစ်တာက ပြိုင်ပွဲတစ်ခုလုံးရဲ့ချန်ပီယံဖြစ်တာ မဟုတ်သေးသလို ဒီဇင်ဘာလအတွင်းမှာ ဘယ်သူချန်ပီယံဖြစ်မလဲ ခန့်မှန်းတာကလည်း ငါးလ ယှဉ်ပြိုင်ဖို့ ကျန်သေးတဲ့ ပြိုင်ပွဲမှာ စောလွန်းနေသေးတယ်လို့ ဆိုရမှာပါ။

ဒါပေမဲ့ ဖြစ်နိုင်ချေ အလားအလာတွေကိုတော့ သုံးသပ်တွက်ချက်မှုတွေရှိနေပါတယ်။ လက်စတာအသင်းကပဲ မထင်မှတ်တာတွေ ဆက်လုပ် ပြသွားနိုင်မလား၊ ဒီနှစ်ဟာ အာဆင်နယ်အသင်းရဲ့နှစ်ဖြစ်သွားမလား စိတ်ဝင်စားစရာပါပဲ။ မနှစ်တုန်းက ဒီအချိန်မှာ ထိပ်သီးလေးသင်းနဲ့ အောက်အသင်းကြား ၁၃ မှတ်ထိကွာဟခဲ့ပေမယ့် ဒီနှစ်မှာတော့ လေးမှတ်သာ ကွာတာကလည်း အကြိတ်အနယ်ပိုရှိစေပါတယ်။

ဒီလိုအနေအထားတွေမှာ ဘီဘီစီ ဘောလုံးဆောင်းပါးရှင် ဖီးလ်မက်နူလ်တီနဲ့ ဘီဘီစီ ရေဒီယို-၅ က စတိဗ်ကလာရစ်တို့ရဲ့ အပြန်အလှန်ဆွေးနွေး သုံးသပ်ချက်တွေကို ဆီလျော်အောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အာဆင်နယ်

အားသာချက်

အာဆင်နယ်အသင်းမှာ အိုဇေးလ်ရဲ့ အံ့မခန်းဖန်တီးမှုတွေ၊ ဂိုးတွေသွင်းနိုင်တဲ့ တိုက်စစ်မှူး ဂျရူးနဲ့ ဆန်းချက်ဇ်တို့လို ကစားသမားတွေရှိနေတယ်လို့ ဖီးလ်မက်နူတီက သုံးသပ်ပါတယ်။

သူ့ရဲ့သုံးသပ်ချက်တွေကို ဆက်လက်ဖော်ပြရမယ်ဆိုရင် ဂိုးပေါက်မှာ ပီတာချက်လို ဂိုးသမားကို ပိုင်ဆိုင်ထားပါတယ်။ ပီတာချက်ဆိုတာကလည်း လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကမ္ဘာ့အဆင့် ဂိုးသမားတစ်ယောက်ဖြစ်တဲ့အပြင် ပရီးမီးယားလိဂ်ကို ဘယ်လိုရယူရမလဲဆိုတာ ချယ်လ်ဆီးအသင်းနဲ့ အတွေ့အကြုံကောင်းကောင်းရခဲ့သူပါ။

အားနည်းချက်

အာဆင်နယ်ရဲ့အားနည်းချက်တစ်ချို့ကိုတော့ စတီဗ်ကလာရစ်က အခုလိုထောက်ပြပါတယ်။ တစ်နေရာတည်းမှာ ကစားသမားတွေ များနေပြီး အသင်းရဲ့ ဟန်ချက်ကို ထိန်းဖို့ မလုံလောက်တာပါ။ နောက်တန်းကလည်း ဘောလုံးမရှိချိန်မှာ သိပ်စိတ်မချရတဲ့အတွက် ဘောလုံးပိုင်ဆိုင်မှု မရချိန်မှာ ရုန်းကန်ရတတ်ပါတယ်လို့ ထောက်ပြခဲ့တာပါ။

ဖီးလ်မက်နူတီက ဖြည့်စွက်ထောက်ပြတာကတော့ အာဆင်နယ်အသင်းဟာ စိတ်ဓာတ်ပိုင်း ထိလွယ်ရှလွယ်ရှိတာပါ။ အဲဒါကို ဆောက်သမ်တန်ကို ၄-၀ နဲ့ရှုံးတဲ့ပွဲမှာ တွေ့ခဲ့ရပါတယ်။ အာဆင်နယ်အသင်းမှာ ဒဏ်ရာပြဿနာများစွာလည်း ရှိနေပါသေးတယ်လို့ ဖီးလ်က သုံးသပ်ပါတယ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ "၂၀၁၅ မှာ ကျွန်တော်တို့ အသင်းကို ပြန်လည်သုံးသပ်မယ်ဆိုရင် တည်ငြိမ်ခဲ့ပြီး အပြုသဘောဆောင်တဲ့ နှစ်တစ်နှစ်ဆိုတာ ခင်ဗျားတွေ့ရလိမ့်မယ်။ နောက်တန်းတည်ငြိမ်ခဲ့ပြီး အင်အားတောင့်တဲ့အသင်းတွေနဲ့ ပွဲတွေမှာလည်း ရလဒ်တွေ တိုးတက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်သွားနေတာပါ"လို့ ဆိုခဲ့ပါတယ်။
ဖီးလ်မက်နူတီရဲ့ ခန့်မှန်းချက်ကတော့ အာဆင်နယ်အသင်းဗိုလ်စွဲပါမယ်တဲ့။

လက်စတာ

အားသာချက်

သွင်းဂိုးတွေနဲ့ ဗာဒီ၊ မာရက်ဇ်တို့ရဲ့ ပုံစံက အကောင်းဆုံးဖြစ်နေတယ်လို့ ဖီးလ်က သုံးသပ်ပါတယ်။ ကွင်းလယ်မှာ ဆုံးဖြတ်ချက် ပြတ်သားပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ကန်တီလည်းရှိနေပါတယ်။ ကင်းပါဝါကွင်းရဲ့ အဝန်းအဝိုင်းကလည်း ကြီးမားတဲ့ မောင်းနှင်အားတစ်ခုဖြစ်စေပါတယ်။

အားနည်းချက်

အားနည်းချက်ကို ဖီးလ်ကသုံးသပ်ရာမှာတော့ ဗာဒီ သို့မဟုတ် မာရက်ဇ် ဒဏ်ရာရသွားပြီး ကာလရှည်နားရမယ်ဆိုရင် အစားထိုးနိုင်မယ့်သူ အသင်းမှာ မရှိပါဘူး။ နည်းပြရေနီယာရီက အသင်းရဲ့ပုံစံကို ဗာဒီ၊ မာရက်ဇ်၊ ကန်တီတို့နဲ့ တည်ထားတာဖြစ်ပါတယ်။ အဲဒီအထိုင်ပျက်သွားရင် မလွယ်ပါဘူးတဲ့။

စတိဗ်ကတော့ လက်စတာအနေနဲ့ 'ငါတို့ အခွင့်ရေးရမှာပါ'လို့ တွေးနေရင် အန္တရာယ်ရှိပါတယ်။ အဲဒီလိုတွေးမိတာနဲ့ သူတို့ ဆုံးရှုံးသွားပါလိမ့်မယ်။ လက်ရှိကစားပုံအတိုင်း ဆက်ထိန်းထားဖို့ လိုပါတယ်။ လက်ရှိမှာတော့ ဖိအား နည်းနည်းဝင်စပြုနေပါပြီလို့ သုံးသပ်ထားပါတယ်။

လက်စတာနည်းပြ ရေနီယာရီကတော့ "ပွဲတိုင်းက ကျွန်တော်တို့အတွက် ခက်ပါတယ်။ လိဂ်က သိပ်ကို ရူးသွပ်ပြီး ဘယ်သူမှ ဖလားမလိုချင်ကြဘူး။ သိပ်ကို ထူးဆန်းနေပါတယ်။ ကျွန်တော်တို့က မြေအောက်တိုက်ခန်းဖြစ်ပြီး တခြားအသင်းတွေကတော့ ရေကူကန်ပါတဲ့ ခြံကျယ်ဝန်းကျယ် အိမ်တွေပါ။ ကျွန်တော်တို့အတွက် ခက်ခဲပေမယ့် ဘယ်သူနဲ့မဆို ယှဉ်ပြိုင်ဖို့အသင့်ပါပဲ။
ကျွန်တော်တို့ လုပ်ခဲ့တာတွေက မယုံနိုင်စရာတွေပါပဲ။ ဒီလိုဆက်သွားချင်ပေမယ့် လွယ်တော့ မလွယ်ဘူးပေါ့"လို့ ပြောခဲ့ပါတယ်။

လက်စတာကို ဖီးလ်မက်နူတီ မှန်းထားတာက အဆင့် ၆ ပဲရမယ်လို့ မှန်းထားပါတယ်။

မန်စီးတီး

အားသာချက်

အဓိကနေရာတွေမှာ ဆေးလ်ဗား၊ ဒီဘရိုင်းတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေက တိုက်စစ်မှူးကောင်း အဂူရိုကို ဝန်းရံထားတယ်။ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်းရှိတဲ့ အကောင်းဆုံးလူစာရင်းကို ပိုင်ဆိုင်ထားတာပါလို့ ဖီးလ်က သုံးသပ်ပါတယ်။

အားနည်းချက်

အားနည်းချက်ကတော့ အဓိက ကစားသမားတွေဖြစ်တဲ့ အဂူရို၊ ကွန်ပနီတို့လို ကစားသမားတွေ ဒဏ်ရာကြောင့် မကြာခဏ အနားယူရတာပါ။ ဒီလိုအနားယူရလို့ စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေပါတယ်။ အဝေးကွင်း ရလဒ်မကောင်းတာကလည်း အသင်းကို ကျဆင်းစေပါတယ်လို့ ဖီးလ်က ယူဆပါတယ်။

စတိဗ်ကတော့ ဗဟိုခံစစ်နဲ့ အရှေ့က ကစားသမားနှစ်ယောက် ကြံ့ခိုင်မှု မပြည့်တာကို အစားထိုးမယ့်သူ မရှိတာလို့ သုံးသပ်ထားပါတယ်။

မန်စီးတီးနည်းပြ ပယ်လီဂရီနီက "ဇယားထိပ်က အသင်းတွေနဲ့ သုံးမှတ်ကွာနေပြီး ဒုတိယအကျော့မှာ နှစ်သင်းလုံးကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ အဲဒါကောင်းတယ်။ ကျွန်တော်တို့ တိုးတက်ရမယ်ဆိုတာကိုလည်း သိတယ်။ ရာသီဝက်မှာ ဂိုး ၂၀ ပေးခဲ့ရတာကတော့ များတယ်ထင်ပါတယ်" လို့ ပြေခဲ့ပါတယ်။

မန်စီးတီးအတွက် အဆင့်ရပ်တည်မှုခန့်မှန်းချက်က အဆင့် ၂ ဖြစ်ပါတယ်။

စပါး

အားသာချက်

အားသာချက်က ငယ်ရွယ်တဲ့အသင်းကို ငယ်ရွယ်တဲ့နည်းပြ ပိုချက်တီနိုက ဦးဆောင်နေပြီး သူခိုင်းတဲ့အတိုင်း စပါးက pressing game ကစားနေတယ်။

ဟယ်ရီကိန်းနဲ့ အလီတို့ဆီကလည်း ဂိုးတွေ ပုံမှန်ရနေတယ်လို့ ဖီးလ်က သုံးသပ်ပါတယ်။

အားနည်းချက်

ကိန်းဒဏ်ရာရသွားရင် စပါးဂိုးရပါဦးမလား။ ၁၉၆၁ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆုဖလားနဲ့ နီးစပ်တဲ့ အနေအထားကို ရောက်လာခဲ့ရင် လုံလောက်တဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုရှိပါ့မလား။ ရှိကောင်းရှိနိုင်ပေမယ့် ပြောမရတဲ့အရာပါလို့ ဖီးလ်က သုံးသပ်ထားပါတယ်။

စတိဗ်ရဲ့အမြင်မှာတော့ စပါးက အတည်ငြိမ်ဆုံးလို့ ဆိုထားပါတယ်။ အိမ်ကွင်းမှာ အသင်းဟန်ချက် မညီပေမယ့်လို့လည်း ရင်ဆိုင်ရသိပ်ခက်တဲ့ အသင်းပါ။ ဟယ်ရီကိန်းအပေါ် မှီခိုနေရတာကိုတော့ ပြင်နိုင်ပါ့မလားလို့ သုံးသပ်ပါတယ်။

စပါးနည်းပြ ပိုချက်တီနိုကတော့ "ဆုဖလားဆိုတာကတော့ အမြဲတမ်းဖြစ်နိုင်ပါတယ်။ တစ်ရာသီလုံးမှာ လုံလောက်တဲ့ခွန်အားပြဖို့ပဲ လိုတယ်။ ဒီနေ့မှာ ဆုဖလားအကြောင်း စပြောနိုင်ပြီဖြစ်ပေမယ့် အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားဖို့တော့ လိုနေတုန်းပဲ"လို့ ဆိုပါတယ်။

စပါးအသင်းအတွက် ခန့်မှန်းချက်ကတော့ အဆင့် ၃ ပါ။

HyperSports Magazine No.24 Pg: 18

.page-node-9313 .page-subtitle{ display: none; }

#PremierLeague {
background-image: url("http://mizzimaburmese.com/sites/default/files/pictures/DEC15/Premier-League-bg.jpg");
position: relative;
width: 337px;
height: 75px;
}

.t3
{
margin-top: 6px;
text-align: center;
width: 350px;
height: 75px;
position: absolute;
}

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly