အစိုးရသစ်အတွက် စိန်ခေါ်မှုများ

အစိုးရသစ်အတွက် စိန်ခေါ်မှုများ

၂၀၁၅ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်၏ အင်န်အယ်လ်ဒီပါတီ အနိုင်ရခြင်းက နှစ်များစွာအတွင်း စစ်အုပ်ချုပ်ရေးအောက်တွင် အပြောင်းအလဲသစ်တစ်ရပ် စတင်လိုက်ခြင်းအဖြစ် မျှော်လင့်ရသည်။

သို့သော် မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သားအစိုးရအတွက် စိန်ခေါ်မှုများက စောင့်ကြိုနေသည်။ အင်န်အယ်လ်ဒီ၏ ရွေးကောက်ပွဲအောင်ပွဲက ပါးပါးနပ်နပ် အောင်ပွဲခံခဲ့ခြင်းပင်ဖြစ်သည်။

၂၀၁၆ ၌ မြန်မာပြည်အနာဂတ်တွင် မြင်တွေ့ရမည့် အလားအလာများက ဘာတွေဖြစ်မလဲ။ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း ကောင်းမွန်စွာ ဖြစ်ထွန်းရေး မည်သို့ ဖော်ဆောင်မလဲ။

၁။ မည်သူဦးဆောင်မှာလဲ။

ဒီမေးခွန်းက မြန်မာ့ဖွဲ့စည်းပုံအခြေံဥပဒေ အခန်း ၃၊ ပုဒ်မ ၅၉(စ)အရ ဦးဆုံးမေးရမည် မေးခွန်းပင်။ ၅၉(စ)အရ သမ္မတသည် ၎င်းကိုယ်တိုင်၊ အိမ်ထောင်ဖက်နှင့် သားသမီးများ၊ သားသမီးများ၏ အိမ်ထောင်ဖက်များက နိုင်ငံခြားသြဇာ ခံယူထားခြင်း မရှိရပေ။

ထိုပုဒ်မအတားအဆီးကြောင့် ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်တွင် နေမည်ဟု ဆိုလာခဲ့သည်။ တရားဥပဒေအရ မသေချာသည့် ယင်းနေရာအတွက် ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ်ပြောကြားခြင်းမရှိသေးပါ။ လွှတ်တော်ကို ကြီးစိုးလာမည့် အင်န်အယ်လ်ဒီကို ထိန်းချုပ်ပြီး သမ္မတတစ်ဦးကို ၎င်းအနေဖြင့် ရွေးလိမ့်မည်ဖြစ်သည်။ နိုင်ငံတော်အကြီးအကဲကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်တို့က ရွေးချယ်သူ သုံးဦးမှ လွှတ်တော်အမတ်များက သမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ရမည်ဖြစ်သည်။

လွှတ်တော်ဥက္ကဋ္ဌကဲ့သို့ အရေးပါသောနေရာမျိုး ရယူတာဝန်ယူဖွယ်ရှိသည့်  ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ကို တိုက်ရိုက်ကိုင်တွယ်မည်ဟုလည်း ဆိုထားသည်။

ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရပြီးနောက် ၂၀၁၅ ဒီဇင်ဘာလအတွင်း စစ်တပ်နှင့် အစိုးရတို့နှင့် ပထမဆုံး ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတဦးသိန်းစိန်တို့နှင့် တွေ့ဆုံခဲ့ကာ ၁၉၆၀ နောက်ပိုင်း နိုင်ငံ၏ ပထမဆုံး ရွေးကောက်ခံအစိုးရထံ အာဏာလွှဲပြောင်းရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံမှုက အပြုသဘောဆောင်သည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာတပ်မတော်ခေါင်းဆောင်နှင့် ယုံကြည်မှုတည်ဆောက်ရန်နှင့် ဆက်ဆံမှု ခိုင်မြဲရေးတို့အတွက် လိုအပ်ချက်များလည်း ရှိနေဆဲဖြစ်သည်။

ဖွဲ့စည်းပုံအရ သမ္မတဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည်အား တားမြစ်ထားရာ ဥပဒေပြင်ဆင်ရေးတွင် တပ်မတော်၏ ထောက်ခံမှုက အလွန်တရာအရေးတကြီး လိုအပ်သည်။

၂။ စစ်တပ်အား စီမံခန့်ခွဲမှု

အသွင်ကူးပြောင်းရေးတွင် အရေးကြီးဆုံးများမှ တစ်ခုမှာ စစ်တပ်၏ အာဏာ အလွန်ပိုင်ဆိုင်ထားခြင်းကို ဖြေလျှော့နိုင်ရေးဖြစ်သည်။

ဖီဆန်မှုတစ်ရပ်ဖြစ်ကောင်းဖြစ်နိုင်သည့် ဖြစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ပြီး ရက်ပိုင်းအတွင်း နိုဝင်ဘာ ၁၆ ရက်တွင် ကချင်တပ်မတော်အား အစိုးရ တပ်မတော်က ထိုးစစ်ဆင်လိုက်ခြင်းပင် ဖြစ်သည်။

မိုးညှင်းမြို့အပြင်ဖက်တွင် လက်နက်ကြီးများနှင့်အတူ လေကြောင်းပစ်ကူများဖြင့် အစိုးရစစ်တပ်က တိုက်စစ်တိုးမြှင့်ပြီး စနေနေ့က စတင်တိုက်ပွဲများဖြစ်ခဲ့ကြောင်း KIO မှ ပြောရေးဆိုခွင့်ရှိသူ လနန်းက ဗီအိုအေသို့ ပြောသည်။

တစ်ချိန်တည်းတွင် ၂၀၁၅ ဒီဇင်ဘာလအတွင်း စစ်တပ်အား ဖေ့ဘုတ်တွင် သရော်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကို ထောင်ဒဏ် ခြောက်လ ချမှတ်လိုက်သည်။ အသက် ၂၅ နှစ်ရှိ မချောစန္ဒီထွန်းအား စစ်တပ်၏ ယူနီဖောင်းသစ်ကို ဒေါ်အောင်ဆန်းစုကြည်၏ လုံခြည်အရောင်နှင့် ခိုင်းနှိုင်းဖော်ပြခြင်းကြောင့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ထိုလက္ခဏများက ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်အတွက် စစ်တပ်၏ သြဇာအာဏာကြီးမားနေဆဲကို ကိုင်တွယ်ဖြေရှင်းရေး အခက်အခဲများကို ပြသနေသည့် လက္ခဏများဖြစ်ကြောင်း ယုံမှားသံသယရှိစရာမလိုပေ။

လွှတ်တော်တွင်လည်း တပ်မတော်ကိုယ်စားလှယ်က ရာခိုင်နှုန်း အစိတ် ဝင်ရောက်နေရာယူထားဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေအထားနှင့် အစိုးရသစ်အတွက် ထိုလွှတ်တော်အမတ်နေရာများက မည်သို့ သက်ရောက်မှုရှိလာမည်နည်း။

သုံးသပ်ရန်အတွက် အချိန်စောလွန်းသေးသော်လည်း မြန်မာလွှတ်တော်ပုံစံက မည်သည့် အနာဂတ်ဒီမိုကရေစီအစိုးရအတွက်မဆို အကဲဆတ်နေသည့် အနေအထားဖြစ်သည်။

ထိုအခြေအနေများက အစိုးရသစ်အတွက် ပြင်းထန်သည့် ပြဿနာများပင်ဖြစ်သည်။ အမျိုးစုံသော တိုင်းရင်းသားလူမျိုးစုများကြား အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့ ဦးတည်ဖော်ဆောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများပင်ဖြစ်သည်။

အတိုအားဖြင့် ဆိုရလျှင် အထက်အကြောင်းအရာများက မြန်မာနိုင်ငံ ဒီမိုကရေစီပုံဖော်မှုတွင် များစွာထိုးနှက်လာမည့် လက်သီးချက်များဖြစ်သည်။

ဒုတိယအချက်အားဖြင့် စစ်အုပ်စုက ၂၀၁၅ ရွေးကောက်ပွဲအလွန် အသွင်ကူးပြောင်းရေးသို့ ချီတက်ရာတွင် အဟန့်အတားအဖြစ် ထင်သာမြင်သာရှိနေဆဲဖြစ်သည်။

သို့သော်လည်း အခြားမျက်နှာစာတွင် အင်န်အယ်လ်ဒီ၏ မကြာမီက ရွေးကောက်ပွဲအနိုင်ရလဒ်သည် ပထမဆုံး အပြုသဘောဆောင်သည့် ခြေလှမ်းဖြစ်ကြောင်း ထောက်ခံသူများက ဆိုပါလိမ့်မည်။

မြန်မာစစ်အုပ်စုအတွက် ပြုပြင်ပြောင်းလဲမှုသို့ ချည်းကပ်ရာတွင် လွတ်ချော်မှုများရှိလင့်ကစား ရွေးကောက်ပွဲရလဒ်သည် ပြုပြင်ပြောင်းလဲမှုသို့ တရားမျှတစွာ လမ်းကြောင်းပေးခြင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ အကူအညီများလည်း လိုအပ်နေပြီး အထူးသဖြင့် နိုင်ငံပြုပြင်ပြောင်းလဲရေးနယ်ပယ်တွင်ပဲ ဖြစ်ပါတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly