ဖယ်လ်ကာအိုရဲ့ နှစ်သိမ့်အားပေးခြင်း ခံခဲ့ရတဲ့ ကိုလံဘီယာမယ်

ဖယ်လ်ကာအိုရဲ့ နှစ်သိမ့်အားပေးခြင်း ခံခဲ့ရတဲ့ ကိုလံဘီယာမယ်

မယ်စကြာဝဠာပြိုင်ပွဲမှာ သရဖူရတဲ့ မယ်ကို မှားယွင်း ကြေညာမိခဲ့တာကို တစ်ကမ္ဘာလုံး တွေ့မြင်ခဲ့ကြရပါတယ်။ ကိုလံဘီယာမယ် အရီရက်နာဂူတီယာရက်ဇ်ဟာ သရဖူချီးမြှင့်ခံရပြီးမှ မှားယွင်းကြေညာမိတယ်ဆိုပြီး မိနစ်ပိုင်းအတွင်း ပြန်လွှဲပေးလိုက်ရတာဖြစ်ပါတယ်။ ပွဲအစီအစဉ် ကြေညာသူ စတိဗ်ဟာဗေးက သူမှားကြေညာမိတယ်လို့ဆိုခဲ့ပြီး နှစ်မိနစ်အတွင်းမှာပဲ သရဖူကို ဖိလစ်ပိုင်မယ် ပီယာဝတ်ဘက်ချ်ထံ ပြန်လွှဲပေးခဲ့တာပါ။ အရီရက်နာဟာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့အတွက် ဝိုင်းဝန်း အားပေးနှစ်သိမ့်သူတွေထဲမှာ ချယ်လ်ဆီးနဲ့ ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုလည်း ပါဝင်ခဲ့တာပါ။ "ကိုလံဘီယာသား အားလုံး မင်းကို ဝန်းရံနေပါတယ် အရီရက်နာ" လို့ ဖယ်လ်ကာအိုက လူမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။

အသက် ၂၂ နှစ်အရွယ်ရှိ အရီရက်နာဟာ အားကစားမှာဆိုရင် ဘော်လီဘောကို ကျွမ်းကျင်စွာ ကစားနိုင်သူဖြစ်ပါတယ်။ အက်ရီရက်နာနဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းကတော့ သူဟာ ရုပ်ရှင်ကုမ္ပဏီအချို့အတွက် ဇာတ်ကားရိုက်ဖို့
လက်ခံလိုက်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required