လန်ဒန်သို့ ထွက်ခွာလာသည့် Air India လေယာဉ် ကြွက်တွေ့၍ မွန်ဘိုင်းလေဆိပ်သို့ ပြန်ဆင်း

လန်ဒန်သို့ ထွက်ခွာလာသည့် Air India လေယာဉ် ကြွက်တွေ့၍ မွန်ဘိုင်းလေဆိပ်သို့ ပြန်ဆင်း

မွမ်ဘိုင်း၊ ဇန်နဝါရီ-၁ ။             ။ လေယာဉ်ပေါ်မှာ မြွေတွေမဟုတ်ဘဲ ကြွက်တစ်ကောင်ပါသွားတယ်ဆိုရင်ရော ဘယ်လိုနေမလဲ။ Air India လေကြောင်းလိုင်း လေယာဉ်တစ်စင်းဟာ မွန်ဘိုင်းကနေ လန်ဒန်ကို ထွက်ခွာလာတဲ့ လမ်းခုလတ်မှာ လေယာဉ်ပေါ်မှာ ကြွက်တစ်ကောင်ကို တွေ့ရှိတဲ့အတွက် ပြန်ကွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ခရီးသည်တစ်ယောက်က ဒီသတ္တဝါလေးကို တပ်အပ်မြင်ခဲ့တယ်လို့ ဆိုပေမယ့်လည်း လေယာဉ်တစ်စင်းလုံးကို ပိုက်စိတ်တိုက် ရှာဖွေကြည့်တာတောင်မှပဲ အရိပ်အယောင် မတွေ့ရဘူးလို့ လေကြောင်းလိုင်းက ပြောကြားပါတယ်။

‘လေယာဉ်ထဲမှာ ဘာကြွက်မှ မတွေ့ရပါဘူး။ ဒါပေမယ့်လည်း ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် လေယာဉ်ကို ပြန်လှည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်’’လို့ လေကြောင်းလိုင်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဂျီပီ ရောင်းက ပြောကြားခဲ့ပါတယ်။

လေယာဉ်ပေါ်က ခရီးသည် ၂၄၀ကတော့ နောက်ပိုင်းမှာ လန်ဒန်ကို အခြားလေယာဉ်တစ်စင်းနဲ့ ထွက်ခွာသွားခဲ့ကြရတယ်လို့ ဆိုပါတယ်။

ကြွက်တွေဟာ ဝါယာကြိုးတွေကို ကိုက်ဖြတ်ပစ်နိုင်တဲ့အတွက် လေယာဉ်လုံခြုံရေးအတွက်တော့ အန္တရာယ်ပါပဲ။

Air India လေကြောင်းလိုင်းအတွက်တော့ ကြွက်တစ်ကောင် ပုန်းဝှက်လိုက်ပါလာတာ ဒီတစ်ကြိမ်ဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ ဇူလိုင်လက မီလန်ခရီးစဉ်မှာလည်း ကြွက်တစ်ကောင် လိုက်ပါလာတယ်ဆိုတဲ့ သတင်းကြောင့် နယူးဒေလီ လေဆိပ်ကို ပြန်ဆင်းခဲ့ရလို့ ကြွက်ပြဿနာဟာ Air India အတွက်တော့ အထူးအဆန်းမဟုတ်ဘူးလို့ ဆိုရမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly