နိုင်ငံတည်ဆောက်ရေးတွင် လိုအပ်သည့် ကုန်ပစ္စည်များ တင်သွင်းခြင်းကြောင့် ကုန်သွယ်မှုလိုငွေ ပြနေဟု စီးပွားရေးဝန်ကြီးပြော

နိုင်ငံတည်ဆောက်ရေးတွင် လိုအပ်သည့် ကုန်ပစ္စည်များ တင်သွင်းခြင်းကြောင့် ကုန်သွယ်မှုလိုငွေ ပြနေဟု စီးပွားရေးဝန်ကြီးပြော

နိုင်ငံ တည်ဆောက်ရေးအတွက် လိုအပ်သည့် ရင်းနှီးကုန်ပစ္စည်များ တင်သွင်းမှုများကြောင့် ကုန်သွယ်မှု လိုငွေ ပြနေသည်ဟု စီးပွားကူးသန်းဝန်ကြီးဌာန ကိုယ်စား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြောသည်။

ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခြင်း၏ အကြောင်းအရင်းတစ်ခုဖြစ်သော မလိုအပ်သောတစ်ဦးချင်း၏ လူ တစ်ဦးချင်း၏ Free Permit ကားတင်သွင်းမှုများ၊ ဇိမ်ခံပစ္စည်း( Lux ury Goods)တင်သွင်းခြင်းကို ရပ်ဆိုင်း သင့်သည့် ကိစ္စရပ်များ ရပ်ဆိုင်းနိုင်ရန် မူဝါဒရေးရာအပိုင်းကို အမြန်ဆုံး အမြန်ဆုံး ပြန်လည် စိစစ်သုံးသပ် ဆောင်ရွက်သင့်ကြောင်းကို ပြည်ထောင်စုလွှတ်တော်၏ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုး တက်မှုပူးပေါင်း ကော်မတီမှက ပြည်ထောင်စုလွှတ်တော်သို့ အစီအရင်ခံစာတင်၍ အစိုးရသို့ အကြံပြုထားသည်။

သို့သော် ကားတင်သွင်းခြင်းကြောင့် လိုငွေပြခြင်းမဟုတ်ဟု ဒေါ်လဲ့လဲ့သိန်းက ဆိုသည်။ “လူတစ်ဦးချင်း ကားတင်သွင်းခွင့်ပြုတဲ့အခါမှာလည်း ပြည်သူအများစုဟာ ငွေကြေးသက်သာတဲ့ ၁၃၀၀ စီ စီနဲ့ အောက် အမေရိကန်ဒေါ်လာ ၅၀၀၀ ခန့် မော်တော်ယာဉ်ကိုသာ အမျာစု တင်သွင်းပြီးတော့ တန်ဖိုးကြီး မော် တော်ယာဉ်တင်သွင်းမှုဟာ အနည်းငယ်သာရှိကြောင်း တင်ပြထားပါတယ် ” ဟု ပြည်ထောင်စု ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ဇန်ဝါရီလ(၁)ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တေ်ာ အစည်းအဝေးတွင် ပြောခဲ့သည်။

နှစ်အလိုက် မော်တော်ယာဉ်တင်သွင်းမှုစာရင်းကို ကြည့်ပါက တစ်နှစ်မှာ ဒေါ်လာ တစ်ဘီလီယံခန့် ရှိကြောင်းကို ဖော်ပြထားကြောင်းနှင့် နိုင်ငံတကာနှင့်အညီခေတ် မီ ဖွံ့ဖြိုးတိုးတက်နိုင်ရေးကို နှိုင်းယှဉ်မယ် ဆို လျှင်လည်းမိမိတို့ နိုင်ငံရဲ့ ယာဉ်အသုံးပြုနိုင်မှု အဆင့်များစွာလိုအပ်နေပါသေးကြောင်း လည်း ဝန်ကြီးဒေါ်လဲ့လဲ့ သိန်းက ပြောကြားခဲ့သည်။

၂၀၁၅ခုနှစ်ဧပြီလမှ ၂၀၁၆ခုနှစ်၊စက်တင်ဘာလအထိ ခြောက်လအတွင်း ကုန်သွယ်မှုပမာဏ ရည်မှန်း ၏ (၁၁၂.၄)ရာခိုင်နှုန်းအကောင်းအထည်အဖော်နိုသည်ဆိုသော်လည်း ကုန်သွယ်မှုလိုငွေမှာ (၁၆, ၁၁၁. ၃၃၄) ဘီလီယံဖြစ်ပေါ်ခဲ့ကြောင်းပြည်ထောင်စုလွှတ်တော်၏ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုပူးပေါင်း ကော် မတီမှ ပြည် ထောင်စုလွှတ်တော်တွင် အစီအရင်ခံခဲ့သည်။

ယာဉ်တင်ခွင့် မဖြေလျော့ပေးမီ ၂၀၁၀နှစ်တွင် မြန်မာနိုင်ငံရဲ့ ယာဉ်အသုံးပြုနိုင်မှု သည် လူဦးရေတစ် ထောင်လျင်ခုနှစ်စီးရှိပြီး လက်ရှိအချိန်တွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ၏ ၃၁.၁၀.၂၀၁၅ ရက်နေ့ အထိ ယာဉ်မှတ်ပုံတင်စာရင်းအရ လူးစီးယာဉ်အချိုးဟာ လူဦးရေ တစ်ထောင်မှာ ကိုးစီး အချိုးသာ တိုးမြင့်မှုရှိသေးရှိသေးကြောင်း စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကိုယ်စား ဝန်ကြီး ဒေါ်လဲ့လဲ့ သိန်းက ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required