မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကလေးဘဝက ဓာတ်ပုံကို တင်ခဲ့သည့် PSY

မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကလေးဘဝက ဓာတ်ပုံကို တင်ခဲ့သည့် PSY

တောင်ကိုရီးယား အဆိုတော်  PSY သည် ၎င်း၏ မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်  ကလေး ဘဝက ဓာတ်ပုံကို တွစ်တာ ဝက်ဆိုက်ဘ်ပေါ်တွင် တင်ခဲ့ကြောင်းနှင့် ယင်းဓာတ်ပုံတွင် PSY သည်  လက်မောင်းများကို စည်းထားပြီး ကင်မရာကို စိုက်ကြည့်နေသည်ကို တွေ့ရသည်။

PSY က ဓာတ်ပုံတွင် “မွေးနေ့ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်” ဟု ရေးသားထား သည်။ ပရိတ်သတ်များသည် “ခင်ဗျားက ငယ်ငယ်တုန်းက အတိုင်းပါပဲ” ဟု တုံ့ပြန်ခဲ့သည်။

PSY ၏ မကြာသေးမီက ထွက်ရှိထားသော Daddy တေးသီချင်းသည် ဘေလ်ဘုတ်၏ ကမ္ဘာ့ ဒစ်ဂျစ်တယ် တေးသီချင်းဇယားတွင် သီတင်းပတ် သုံးပတ်ဆက်တိုက် ထိပ်ဆုံးနေရာမှ ရပ်တည်လျက် ရှိကြောင်း ၎င်း၏ အေဂျင်စီက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

PSY သည် ဒီဇင်ဘာ ၁ ရက်က ၎င်း၏ သတ္တမမြောက် တေးအယ်လ်ဘမ် “Chiljip Psy-da” ကို ထွက်ရှိခဲ့ကြောင်းနှင့်  “Daddy” တေးသီချင်းသည် ယင်းတေးသီချင်း အယ်လ်ဘမ်ထဲမှ ခေါင်းစဉ်တေး သီချင်းတစ်ပုဒ်ဖြစ်ပြီး Daddy တေးသီချင်းသည် ဒီဇင်ဘာ ၃၀ ရက်အထိ  YouTube တွင် ကြည့်ရှုသူ သန်း ၈၀ ကျော် ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags