Daily Times က ရွေးချယ်သည့် ၂၀၁၅ ခုနှစ် ကမ္ဘာ့အလှဆုံး အမျိုးသမီးဖြင့် Shailene Woodley က ရရှိ

Daily Times က ရွေးချယ်သည့် ၂၀၁၅ ခုနှစ် ကမ္ဘာ့အလှဆုံး အမျိုးသမီးဖြင့် Shailene Woodley က ရရှိ

ဒီဇင်ဘာ ၃၁ ။           ။ ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာ့အလှဆုံး အမျိုးသမီး ဆယ်ဦးကို ပါကစ္စတန် အခြေစိုက် Daily Times မီဒီယာက ရွေးချယ်ခဲ့ရာ အသက် ၂၄ နှစ်အရွယ် အမေရိကန် သရုပ်ဆောင် Shailene Woodley က ပထမနေရာကို ရရှိခဲ့သည်။

သူသည် Divergent နှင့် The Fault in Our Stars ဇာတ်ကားတို့ဖြင့် အထူးလူသိများခဲ့ သူဖြစ်ပြီး၊ ၂၀၁၁ ခုနှစ်တွင် စတင် ရုံတင်ပြသခဲ့သော The Descedants ဇာတ်ကားမှစ၍ တစ်ရှိန်ထိုး အောင်မြင် လာခဲ့သူ ဖြစ်သည်။ နိုင်လွန်မဂ္ဂဇင်း “ဟောလိဝုလူငယ်ကြယ်ပွင့်” ကဏ္ဍ၏ “အနာဂတ်အ တွက် မျက်နှာသစ် ကြယ်ပွင့် ၅၅ ဦး” စာရင်းတွင်လည်း သရုပ်ဆောင် Shailene Woodley ရွေးချယ်ခံ ခဲ့ရသည်။

Daily Times က ရွေးချယ်သော အလှဆုံး အမျိုးသမီးဆယ်ဦး စာရင်းတွင် အမေရိကန် သရုပ် ဆောင် ဂျနီဖာလိုပက်(ဇ်)က ဒုတိယနေရာ ရရှိခဲ့ပြီး ဘောလိဝုမင်းသမီး Deepika Padukone က တတိယ ချိတ်ခဲ့သည်။ တတိယနေရာ ရရှိခဲ့သည့် ဘောလိဝုမင်းသမီး Padukone မှာ မင်းသား ရှရွတ်ခမ်းနှင့်အတူ သရုပ်ဆောင်ထားသော ၂၀၁၄ ခုနှစ် ဇာတ်ကားဖြစ်သည့် Happy New Year ဇာတ်ကားဖြင့် လူသိများသူဖြစ်ပြီး၊ ဘောလိဝု ရုပ်ရှင်လောက၏ သရုပ်ဆောင်ကြေး အမြင့်ဆုံး အမျိုးသမီး သရုပ်ဆောင်များ စာရင်းတွင် ပါဝင်သူ တစ်ဦးဖြစ်သည်။

စတုတ္ထနေရာကို တောင်အာဖရိက ဖက်ရှင်မော်ဒယ် Candice Swanepoel က ရရှိသွားပြီး ဟယ်ရီပေါ်တာ မင်းသမီး Emma Watson က ပဉ္စမ ချိတ်ခဲ့သည်။ နံပါတ်ခြောက်နေရာကို အစ္စရေး အလှမယ် Gal Gadot က ရယူနိုင်ခဲ့ပြီး ကမ္ဘာကျော် အမေရိကန် အဆိုတော် Taylor Swift က နံပါတ် ခုနစ် ရရှိခဲ့သည်။

အမေရိကန် မော်ဒယ် Kate Upton က နံပါတ်ရှစ်နေရာ ရရှိခဲ့ကာ၊ မယ်ကမ္ဘာဟောင်းဖြစ်သည့် ဘောလိဝု သရုပ်ဆောင် Priyanka Chopra က နံပါတ်ကိုးနေရာကို ရခဲ့သည်။ နံပါတ် ၁၀ နေရာကိုမူ ကိုလံဘီယာ အဆိုတော် Shakira က ရရှိသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly