မြန်မာသင်္ဘေားသားများအား ထိုင်းရေတပ်ကယ်ဆယ်

မြန်မာသင်္ဘေားသားများအား ထိုင်းရေတပ်ကယ်ဆယ်

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာ ၂၉ ရက် ဖူးခက်ကမ်းခြေနှင့် ရေမိုင် ၁၅၀ အကွာတွင် နစ်မြုပ်ခဲ့သည့် သင်္ဘောမှ မြန်မာအလုပ်သမားများကို ထိုင်းရေတပ်က ကယ်ဆယ်ခဲ့ရသည်။

တော်ဝင်ရေတပ် HTMS ဆိုင်ဘူရီဖရီးဂိတ်သင်္ဘောက ရေတွင် မျောပါနေသော သူများကို ဒီဇင်ဘာ ၃၀ ရက်က ကယ်တင်ခဲ့ရခြင်းဖြစ်သည်။

Aung Chat Sar ဟုအမည်ရသည် ရခိုင်မှ ထွက်ခွာလာသော ရေယာဉ်က ဖူးခက်သို့ ဦးတည်ခုတ်မောင်းလာခြင်းဖြစ်ပြီး ဖူးခက်၏ အနောက်ဖက် ရေမိုင် ၅၀ အကွာခန့်တွင် ဒီဇင်ဘာ ၂၉ ရက် ညနေ ၅ နာရီခန့်က နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၃၀ ရက် နံနက် ၂ နာရီခန့်တွင် ထိုင်ရေတပ်ကင်းလှည့်ယာဉ်က ရှာဖွေကင်းလှည့်မှုအတွင်း တွေ့ရှိကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောနစ်မြုပ်မှုကို ကယ်ဆယ်ရန် လေယာဉ်တစ်စင်းနှင့် စစ်သင်္ဘောတစ်စင်းတို့ အသုံးပြုခဲ့ရသည်။ ကယ်ဆယ်ရေးလုပ်ငန်းစဉ်အား လှိုင်းလေထန်သည့်ကြားက ခက်ခက်ခဲခဲ ကယ်ဆယ်ခဲ့ရခြင်းဖြစ်သည်။

ကယ်ဆယ်ခဲ့ရသူများအား ဒီဇင်ဘာ ၃၁ ရက် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်တွင် ဖူးခက်ကမ်းခြေသို့ ကယ်ဆယ်ရောက်ရှိလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly