၂၀၁၅ ခုနှစ်တွင် ပြည်တွင်း ဂီတဇယားများကို လွှမ်းမိုးထားတဲ့ Big Bang နှင့် EXO အဖွဲ့

၂၀၁၅ ခုနှစ်တွင် ပြည်တွင်း ဂီတဇယားများကို လွှမ်းမိုးထားတဲ့ Big Bang နှင့် EXO အဖွဲ့

ဆိုးလ်၊ ဒီဇင်ဘာ ၃၀ ။            ။ တောင်ကိုရီးယား အမျိုးသားအဆိုတော် အဖွဲ့ Big Bang နှင့် EXO အဖွဲ့တို့သည် ၂၀၁၅ ခုနှစ် တွင် တောင်ကိုရီးယားနိုင်ငံ၏ ဒစ်ဂျစ်တယ်နှင့် တေးသီချင်း အယ်လ်ဘမ် ဇယားများ၌ လွှမ်းမိုးထားခဲ့ ကြောင်းနှင့် ၎င်းတို့နှင့်အဆင့်တူ အမျိုးသမီး အဆိုတော်များသည် ထိပ်တန်း ၁၀ နေရာတွင် ပါဝင်ခဲ့ ခြင်းမရှိကြောင်း ပြည်တွင်းတေးဂီတ ဝက်ဆိုက်ဘ်တစ်ခုက ဒီဇင်ဘာ ၂၉ ရက်တွင် ဖော်ပြထားသည်။

Big Bang အဖွဲ့၏ “Bang Bang Bang” ၊ “Loser” နှင့် “Bae Bae” တေးသီချင်းတို့သည်  Gaon တေးဂီတဇယား၏ ၂၀၁၅ ဒစ်ဂျစ်တယ် ဇယား၌ နံပါတ် ၁ ၊ ၂ နှင့် ၄ နေရာတို့တွင် အသီးသီး ရပ်တည်နေသည်။

Big Bang အဖွဲ့ သီဆိုထားသော တေးသီချင်းများသည် ဒေါင်းလုဒ်ဆွဲယူမှု ထိပ်တန်းတေး သီချင်း ၁၀၀ ၏ ဆယ်ရာခိုင်နှုန်းရှိကြောင်း ဒစ်ဂျစ်တယ် တေးသီချင်းဇယားတွင် ဖော်ပြထားသည်။ EXO အဖွဲ့သည် ၂၀၁၅ ခုနှစ်တွင် ၎င်းတို့၏ တေးသီချင်း အယ်လ်ဘမ်များဖြစ်သော “EXODUS” ၊ “Love Me Right” နှင့် တရုတ်ဘာသာဖြင့် ထွက်ရှိထားသော တေးသီချင်းအယ်လ်ဘမ် စုစုပေါင်း တေးသီချင်း အယ်လ်ဘမ် လေးခုသည် အချပ်ရေ ၁ ဒသမ ၂ သန်းကျော် ရောင်းချခဲ့ရပြီး အယ်လ်ဘမ် ရောင်းချရမှုတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

“EXODUS”  ၊ “Love Me Right” နှင့် တရုတ်ဘာသာဖြင့် ထွက်ရှိထားသော “EXODUS” တေးသီချင်း အယ်လ်ဘမ်တို့သည် နံပါတ်သုံးနေရာတွင် ရပ်တည်နေပြီး SHINEE အဖွဲ့၏ “Odd” တေးသီချင်း အယ်လ်ဘမ်သည် နံပါတ် လေးနေရာတွင် ရပ်တည်နေသည်။

တရုတ်ဘာသာဖြင့် ထွက်ရှိထားသော “Love Me Right ” တေးသီချင်း အယ်လ်ဘမ်သည် နံပါတ်ရှစ်နေရာတွင် ရပ်တည်နေသည်။ ဒစ်ဂျစ်တယ် တေးသီချင်း ရောင်းချရမှုတွင် အမျိုးသမီးအဆို တော် အဖွဲ့ Miss A သည် နံပါတ် ၁၁ နေရာတွင် ရပ်တည်နေပြီး Sistar အဖွဲ့သည် နံပါတ် ၁၂ နေရာ တွင် ရပ်တည်နေသည်။

Girls’ Generation အဖွဲ့၏ “Lion Heart” တေးသီချင်းအယ်လ်ဘမ်သည် အချပ်ရေ ၁၄၀ ၅၅၄ ချပ်ရေ ရောင်းချခဲ့ရပြီး  ရောင်းအားအကောင်းဆုံး တေးသီချင်း အယ်လ်ဘမ်ဇယားတွင် နံပါတ် ၁၁ နေရာတွင် ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required