ဗြိတိန်နိုင်ငံရှိ အိမ်ကြီးရခိုင်ကို ရောင်းချတော့မယ့် တွမ်ခရုစ်

ဗြိတိန်နိုင်ငံရှိ အိမ်ကြီးရခိုင်ကို ရောင်းချတော့မယ့် တွမ်ခရုစ်

ဟောလီးဝုဒ်မင်းသားကြီး တွမ်ခရုစ်သည် အင်္ဂလန်နိုင်ငံရှိ စတာလင်ပေါင် ၄ ဒသမ ၉၅ သန်း တန်ဖိုးရှိသော ၎င်း၏ အိမ်ကြီးရခိုင်ကို ရောင်းချတော့မည် ဖြစ်သည်။ အင်္ဂလန်နိုင်ငံ ဝပ်ဆက်ဆက်ဇ်ခရိုင်ရှိ အဆိုပါ အိမ်ကြီးကို ၂၀၀၆ ခုနစ်က ဝယ်ယူခဲ့ကြောင်း တွမ်နှင့် ၎င်း၏ တတိယဇနီးဖြစ်သူ ကေတီဟုမ်းတို့ နေထိုင်ခဲ့သော အိမ်ကြီးဖြစ်ပြီး တွမ်ခရုစ်နှင့် ကေတီဟုမ်းတို့သည် ၂၀၁၂ ခုနှစ်က ကွာရှင်းပြတ်စဲ ခဲ့ကြသည်။

ယင်းအိမ်ကြီးသည် ၁၄ ဒသမ ၂ ဧက ကျယ်ဝန်းပြီး အိပ်ခန်းခြောက်ခန်း ပါရှိကြောင်း တွမ်ခရုစ် သည် ယင်းအိမ်ကြီးကို စတာလင်ပေါင် သုံးသန်းဖြင့် ဝယ်ယူခဲ့ကြောင်း  Variety  မဂ္ဂဇင်းတွင် ပြောကြား ထားသည်။

အဆိုပါ အိမ်ကြီးသည် အိစ်ဂရင်စတီမြို့အနီးတွင် တည်ရှိကြောင်းနှင့် ရေချိုးခန်း ရှစ်ခန်းနှင့် အတူ အိမ်မကြီးတွင် အိပ်ခန်း ငါးခန်းနှင့် ခြောက်ခန်းအထိ ရှိသည်။ စတုရန်းပေ ၉၀၀ ရှိသော ဧည့်ခန်း တစ်ခန်းနှင့်ပေ ၃၀၀ အရှည်ရှိ  master bedroom အိပ်ခန်းတစ်ခန်းကဲ့သို့သော အခန်းများ ပါဝင်သည့်အပြင် လသာဆောင်လည်း ပါဝင်ကြောင်း ဝက်ဆိုက်ဘ်တွင် ဖော်ပြထားသည်။

တင်းနစ် ကစားကွင်းတစ်ကွင်း၊ မြက်ခင်းပြင်တစ်ခုနှင့် ရေကူးကန်တစ်ကန် ပါဝင်သည့်အပြင် ကပွဲ၊ ဂီတဖျော်ဖြေပွဲများ ပြုလုပ်နိုင်သော အဆောက်အအုံတစ်ခု ၊ အပိုအိပ်ခန်း နှစ်ခန်း၊  မီးဖိုချောင် တစ်ခုနှင့် ရေချိုးခန်းများလည်း ပါဝင်သည်။

ခြံဝင်းအတွင်း နေအိမ်ပြင်ပတွင် သီခြားအဆောက်အအုံများရှိပြီး ဗစ်တိုရီးယားခေတ် ကားဂို ဒေါင်တစ်ခုနှင့် အနောက်ဘက် ပန်းခြံတွင် နွေရာသီ အိမ်ငယ်တစ်လုံး ပါဝင်သည်။ တွမ်ခရုစ်သည် ၂၀၁၂ ခုနှစ်ကလည်း မက်ဟက်တန်ရှိ စတုန်ရန်းပေ ၂၂၀၀၀ ရှိသော တိုက်ခန်းကို ရောင်းချခဲ့ပြီး  ဘီဗာလီဟေးလ်မြို့ရှိ  နေအိမ်သို့ ပြောင်းရွှေ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly