ကျန်းမာရေးကြောင့် ဂျပန် ဖျော်ဖြေပွဲနှစ်ပွဲကို ဖျက်သိမ်းလိုက်ရတဲ့ BTS အဖွဲ့

ကျန်းမာရေးကြောင့် ဂျပန် ဖျော်ဖြေပွဲနှစ်ပွဲကို ဖျက်သိမ်းလိုက်ရတဲ့ BTS အဖွဲ့

တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTSသည် အဖွဲ့ဝင် Suga  နှင့်V တို့နှစ်ဦး၏ ကျန်းမာရေးအခြေနေကြောင့် ဂျပန်နိုင်ငံတွင်ဖျော်ဖြေမည့် ဖျော်ဖြေပွဲနှစ်ခုကို ဖျက်သိမ်းခဲ့ရကြောင်း BitHit Entertainmentအေဂျင်စီက  ဒီဇင်ဘာ ၂၇ ရက်တွင် ၎င်းတို့၏ ဝက်ဆိုက်ဘ်၌ ပြောကြားထားသည်။

အဖွဲ့ဝင်များဖြစ်သော Suga နှင့်  V တို့သည် ခေါင်းမူးနေသောကြောင့် အစမ်းလေ့ကျင့်မှုကို ပြီးဆုံးအောင်လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း နှင့် ၎င်းတို့နှစ်ဦးကို ဆေးစစ်မှုများ လုပ်ဆောင်ရန် ဒေသ တွင်းဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းကြောင်း ဒီဇင်ဘာ ၂၇ရက်တွင် ကိုဘီ၌ ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲမတိုင်မီ အေဂျင်စီက ပြောကြားသည်။

စီတီရိုက်ကြည့်ရာ Suga နှင့် Vနှစ်ဦးတွင် ရောဂါတွေ့ရှိခြင်းမရှိကြောင်း နှင့် စတိတ်စင်ပေါ်တွင် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ လုပ်ဆောင်ပါက ထပ်မံမူးဝေနိုင်ခြင်းကြောင့် ၎င်းတို့နှစ်ဦးကို ထပ်မံစောင့်ကြည့်မှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆေးပညာကျွမ်းကျင်သူများက ပြောကြားသည်။

Suga နှင့် V တို့နှစ်ဦးသည် ပရိတ်သတ်များနှင့်တွေ့ဆုံရန် ဖျော်ဖြေမှုများ လုပ်ဆောင်လိုသော်လည်း အခုချိန်သည် ပြန်လည်နာလန်ထူဖို့အတွက် အဓိကထားလုပ်ဆောင်သင့်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း  BigHitအေဂျင်စီက ပြောကြားသည်။

ဖျော်ဖြေပွဲတွင် အဖွဲ့ဝင်နှစ်ဦးပါဝင်နိုင်ခြင်းမရှိသည့်အတွက် အေဂျင်စီက ဒီဇင်ဘာ ၂၇ နှင့် ၂၈ရက်တွင် ကျင်းပပြုလုပ်မည့် ကိုဘီ ဖျော်ဖြေပွဲများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။BTS အဖွဲ့သည် မကြာမီ ကိုရီးယားနိုင်ငံသို့ ပြန်မည်ဖြစ်သည်။

ပရိတ်သတ်များကို လက်မှတ်များအတွက် ငွေပြန်အမ်းပေးသွားမည်ဖြစ်ပြီး ပွဲဖျက်သိမ်းခဲ့ရသည့်အတွက် ပရိတ်သတ်များကို အလေးအနက် တောင်ပန်ပါကြောင်း BigHit အေဂျင်စီကပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly