အိန္ဒိယတွင် အရက်ဆိုင် ပြိုကျ၍ လူ ခြောက်ဦးသေဆုံး

အိန္ဒိယတွင် အရက်ဆိုင် ပြိုကျ၍ လူ ခြောက်ဦးသေဆုံး

နယူးဒေလီ၊ ဒီဇင်ဘာ ၂၉ ။              ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် နှစ်ထပ်အရက်ဆိုင်တစ်ဆိုင် ဒီဇင်ဘာ ၂၈ ရက်က ပြိုကျမှုဖြစ်၍ အလုပ်သမားခြောက်ဦး သေဆုံးကြောင်း ရဲက ပြောပြီး ယင်းသို့ ပြိုကျမှုသည် နိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍညံ့ဖျင်းမှုကို ပြသလျက်ရှိကြောင်း ဆိုသည်။

ချန်ဒီဂတ်မြို့တွင်းရှိသည့် ယင်းအဆောက်အအုံ၏ ဘေးကပ်လျက်တွင် အသိဉာဏ်နွမ်းပါးသည့် ဆောက်လုပ်ရေးအလုပ်သမားများက မြေအောက်ခန်းတစ်ခန်း တူးဖော်နေရာမှ အဆောက်အအုံကို တတိတိ ကိုင်နှဲ့နေသလိုဖြစ်ပြီး နောက်ဆုံး နံရံများ ပြိုကျလာခဲ့ရခြင်းဖြစ်သည်။

“လူခြောက်ဦး သေတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ ဒဏ်ရာရသူ ၁၁ ဦးရှိပြီး သူတို့ကို ဆေးရုံတင်ပို့ထားပါပြီ။”ဟု အကြီးတန်းရဲအရာရှိ ဆတ်ချန်းဆင်းချ်က အေအက်ဖ်ပီသို့ ပြောသည်။

အဆောက်အအုံပြိုကျမှုတွင် ကယ်ဆယ်ရေးနှင့် ဒေသခံများ ရှာဖွေကယ်ဆယ်မှုကြောင့် ပိတ်မိနေသူတစ်ဦးမျှ မရှိကြောင်းလည်း ၎င်းက ပြောသည်။

အိန္ဒိယနိုင်ငံတွင် ဇူလိုင်လအတွင်းကလည်း မွမ်ဘိုင်းမြို့အတွင်း မိုးသည်းထန်ခြင်းကြောင့် သုံးထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့၍ လူခုနစ်ဦးသေဆုံးခဲ့သည်။ ယမန်နှစ်ကလည်း တာမီနာဒူးပြည်နယ်တွင် အထပ် ၁၁ ထပ်အဆောက်အအုံပြိုကျခြင်းကြောင့် လူပေါင်း ၆၁ ဦးအထိ သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly