နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်တန်ဖိုး ဒေါ်လာ ၈၂၇ သန်း ကျော်ရှိခဲ့

နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်တန်ဖိုး ဒေါ်လာ ၈၂၇ သန်း ကျော်ရှိခဲ့

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၈၂၇ ဒသမ ၆၅ သန်း ရှိခဲ့ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ လစဉ်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါလအတွင်း သွင်းကုန်တန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၃၂ ဘီလျံရှိခဲ့သောကြောင့် ကုန်သွယ်မှုလိုငွေပမာဏသည် ဒေါ်လာ ၉၀၄ ဒသမ ၇၇ သန်းဖြစ်သည်။

ဧပြီလမှ နိုဝင်ဘာလအထိ စုစုပေါင်းပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၇ ဒသမ ၂ ဘီလျံရှိခဲ့ပြီး သွင်းကုန်တန်ဖိုး မှာ ဒေါ်လာ၁၀ ဒသမ ၉ ဘီလျံရှိခဲ့သည်။ နယ်စပ် ကုန်သွယ်မှုပမာဏတွင် ဒေါ်လာ ၁ ဒသမ ၇ ဘီလျံနှင့် အခြားလမ်းကြောင်းမှ ကုန်သွယ်မှု ဒေါ်လာ ၉ ဒသမ ၁ ဘီလျံရှိခဲ့သည်။

အဆိုပါ ရှစ်လကြာ ကာလအတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈ ဒသမ ၁ ဘီလျံကျော်နှင့် ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာ ၃ဒသမ ၇ ဘီလျံရှိခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required