ရန်ကုန်ထိုင်းသံရုံးရှေ့ ဆန္ဒပြရန် ခွင့်ပြုချက်ရ

ရန်ကုန်ထိုင်းသံရုံးရှေ့ ဆန္ဒပြရန် ခွင့်ပြုချက်ရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ။ ။ ရန်ကုန်မြို့ မနော်ဟရီလမ်း နှင့် ပြည်လမ်းထောင့်ရှိ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြရန် ရဲများက ဒီဇင်ဘာ ၂၅ရက် မွန်းတည့် ၁၂နာရီခွဲခန့်က ခွင့်ပြုလိုက်ပြီဖြစ်သည်။ 

သံရုံးရှေ့တွင် နေ့လည် ၁နာရီမှ ၂နာရီအထိ တစ်နာရီခန့် ဆန္ဒပြခွင့် ရရှိမည်ဖြစ်ပြီး တာဝန်ခံမည့် ခေါင်းဆောင် ငါးဦး၏ အမည်စာရင်းကို တောင်းယူသွားသည်ဟု သိရသည်။ 

ထိုင်းသံရုံးတည်ရှိရာ အနီးတွင် ဆန္ဒပြနေသူအင်အား တစ်ထောင်ခန့်ကို ရဲတပ်ဖွဲ့က သံရုံးရှေ  ့တွင် ဆန္ဒဖော်ထုတ်ရန်ခွင့်ပြုခဲ့သည်။ 

၂၀၁၄ခုနှစ်က ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ #ခိုတောင်ကျွန်း(လိပ်ကျွန်း) လူသတ်မှုတွင် ဗြိတိန်စုံတွဲ အသတ်ခံရမှုအပေါ် မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးကို စစ်ဆေးဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၂၄ရက်တွင် ထိုင်းတရားရုံးက #သေဒဏ် ချမှတ်ခဲ့သည်။ ယင်းသို့ အမိန့်ချပြီး ညနေပိုင်းမှ စတင်ကာ ရန်ကုန်မြို့ရှိ ထိုင်းသံရုံးအနီး ဆန္ဒပြမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly