မနောမြေတိုက်စစ်မှူး စထက်နိုင်ဝင်းကို ဧရာဝတီအသင်း တစ်နှစ်စာချုပ်

မနောမြေတိုက်စစ်မှူး စထက်နိုင်ဝင်းကို ဧရာဝတီအသင်း တစ်နှစ်စာချုပ်
ဧရာဝတီအသင်းနှင့်လက်တွဲခဲ့သည့် စထက်နိုင်ဝင်း။

ဒီဇင်ဘာ ၂၄၊ ရန်ကုန်။          ။ လာမည့်နှစ် ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ်၊ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ၊ AFC Cup စသည့်ပြိုင်ပွဲသုံးရပ်ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော ဧရာဝတီယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်-၂ သို့တန်းဆင်းခဲ့ရသည့် မနောမြေအသင်းတိုက်စစ်မှူး စထက်နိုင်ဝင်းကို တစ်နှစ်စာချုပ်ဖြင့်ခေါ်ယူခဲ့သည်။

ဧရာဝတီအသင်းသည် ၂၀၁၆ဘောလုံးရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းမှလက်ရွေးစင်ကစားသမားများဖြစ်သော ကျော်မင်းဦး၊ နေလင်းထွန်း၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင် စသည့်ကစားသမားများကို ဆုံးရှုံးခဲ့ရပြီးယင်းကစားသမားများနေရာအစားထိုးရန်အတွက် ပြည်တွင်းကစားသမားများကို ပြန်လည်ခေါ်ယူအားဖြည့်နေသည်။ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း စထက်နိုင်ဝင်းမှာ ကမ္ဘောဇ၊ နေပြည်တော်၊ မနောမြေစသည့်အသင်းများတွင်ကစားခဲ့ဖူးသော ဝါရင့် ကစားသမားတစ်ဦးဖြစ်သည်။

ဧရာဝတီအသင်းသည် လာမည့်နှစ်ဘောလုံးရာသီအတွက် ခေါ်ယူအားဖြည့်ရန် ကမ္ဘောဇအသင်းနှင့်လမ်းခွဲခဲ့သော လက်ရွေးစင်ဟောင်း ကျော်ဇေယျာဝင်းကိုလည်း ခြေစွမ်းစမ်းသပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required