မန်ယူနှင့် မော်ရင်ဟို ငါးနှစ်စာချုပ် ချုုပ်ဆိုရန် သဘောတူညီသွားပြီဟု ကောလာဟလ သတင်းများ ထွက်ပေါ်နေ

မန်ယူနှင့် မော်ရင်ဟို ငါးနှစ်စာချုပ် ချုုပ်ဆိုရန် သဘောတူညီသွားပြီဟု ကောလာဟလ သတင်းများ ထွက်ပေါ်နေ

စပိန်၊ ဒီဇင်ဘာ ၂၂ ။     ။ မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းမှ ထုတ်ပယ်ခံခဲ့ရသည့် နည်းပြမော်ရင်ဟိုကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိသွားခဲ့ပြီဟု  ကောလာဟလ သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ထိုသတင်းကို စပိန်မီဒီယာတစ်ခုဖြစ်သည့် Fichajes က စတင်ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဒေးလီးစတားက ထပ်မံကိုးကားကာ ဖော်ပြခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုသတင်းများမှာ အတည်မဖြစ်သေးကြောင်း ဆိုသည်။

'မော်ရင်ဟိုနဲ့ နီးစပ်တဲ့ မီဒီယာနဲ့ ဂျာနယ်လစ်အများအပြားရဲ့ ပြောဆိုမှုအရ ပေါ်တူဂီလူမျိုးနည်းပြဟာ မန်ယူနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ သိရပါတယ်။ ဒါပေမဲ့ ဒီသတင်းတွဟာ တရားဝင်တော့ မဖြစ်သေးပါဘူး' ဟု Fichajes မီဒီယာက ရေးသားခဲ့သည်။

မန်ယူအသင်းမှာ နောက်ဆုံးကစားခဲ့သည့် ခြောက်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့သည့်အတွက် နည်းပြ လူးဝစ္စဗန်ဟားလ်မှာ ခရစ္စမတ်မတိုင်မီ ရာထူးမှ ထုတ်ပယ်ခံရတော့မည်ဟုလည်း အင်္ဂလန်တွင် သတင်းများ ထွက်ပေါ်နေသည်။

ရည်ညွှန်း ဒေးလီးစတား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required