Sunday Foundation မှ ဒုတိယ အကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ်

Sunday Foundation မှ ဒုတိယ အကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ်

ရန်ကုန် ၊ ဒီဇင်ဘာ ၂၁ ။          ။ Sunday Foundation မှ ကျင်းပ ပြုလုပ်သည့် ၄လ တစ်ကြိမ် ပုံမှတ် စုပေါင်း သွေးလှူဒါန်းသည့် ဒုတိယ အကြိမ်မြောက် စုပေါင်း သွေးလှူဒါန်း ပွဲကို ဒီဇင်ဘာ ၂၀ရက် တွင် ရန်ကုန်မြို့ရှိ အမျိုးသား သွေးလှူဘဏ်၌ ကျင်းပ ပြုလုပ် ခဲ့သည်။

ယခု စုပေါင်း သွေးလှူဒါန်းပွဲသည် Sunday Foundation မှ ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် ဝန်ထမ်း များ သွေးလှူဒါန်းပွဲ ဖြစ်ပြီး ပထမ အကြိမ် သွေးလှူဒါန်းမှုကို ဇူလိုင် ၃၁ရက်တွင် အမျိုးသား သွေးလှူဘဏ်တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

Sunday Foundation သည် အလှူအတန်း ပြုလုပ် လိုသည့် ဝန်ထမ်းများကို အသိအမှတ် ပြုသော အားဖြင့် လိုအပ်သလို ကူညီရန် Sunday Foundation ပရဟိတ အဖွဲ့ကို ဖွဲ့စည်း တည်ထောင် ရခြင်း ဖြစ်သည်။ Sunday Foundation ကို ကော်မတီ ၊ ဆပ်ကော်မတီ များဖြင့် ဖွဲ့စည်းပြီး နာ.ယ.က (၁) ၊ ဥက္ကဌ (၁) ၊ ဒုဥက္ကဌ(၁) ၊ အတွင်းရေးမှူး (၄) ၊ အဖွဲ့ဝင် ၅၀ ဦးတို့ဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။

Sunday Foundation ၏ အဓိက ပရဟိတ လုပ်ငန်းစဉ် များမှာ ၄လ တစ်ကြိမ် အမျိုးသား သွေးလှူဘဏ်တွင် ပုံမှန် စုပေါင်း သွေးလှူဒါန်းခြင်း ၊ ရန်ကုန်တိုင်း ဒေသ အတွင်းရှိ ပရဟိတ ဆေးခန်း များသို့ သွားရောက် ပြီး ဆေးရုံ ၊ ဆေးခန်းသုံး ပစ္စည်းများ သွားရောက် လှူဒါန်းခြင်း တို့ကို ပြုလုပ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required