အိုင်ယာလန်တောင်ပံကစားသမား ဂျိမ်းစ်မက္ကလင်းကို ၀က်စ်ဘရွန်း ခေါ်ယူ

အိုင်ယာလန်တောင်ပံကစားသမား ဂျိမ်းစ်မက္ကလင်းကို ၀က်စ်ဘရွန်း ခေါ်ယူ

အင်္ဂလန်၊ ဇွန် ၂၃။ ။ ဝက်စ်ဘရွန်းအသင်းသည် ရာသီသစ်အတွက် ပထမဆုံးခေါ်ယူမှုအဖြစ် ဝီဂန်အသင်းမှ အိုင်ယာလန်လက်ရွေးစင် တောင်ပံကစားသမား ဂျိမ်းစ်မက္ကလင်းကို ခေါ်ယူလိုက်ပြီ ဖြစ်သည်။ ဝက်စ်ဘရွန်းအသင်းသည် မက္ကလင်းကို သုံးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးမည်မျှပေးခဲ့ရသည်ကို ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ပေ။

စာချုပ်ချုပ်ဆိုပြီးနောက်တွင် မက္ကလင်းက 'အရင်ကလည်း ကျွန်တော်ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးပါတယ်။ ထိပ်တန်းအဆင့်မှာ ကစားရမှာ ဖြစ်ပေမယ့် အေးအေးဆေးဆေးပါပဲ။ နည်းပြ တိုနီပူးလစ်က သူ့ရဲ့ အစီအစဉ်တွေကို ပြောပြပါတယ်။ ပြီးတော့ ကျွန်တော်နဲ့ အံ့ဝင်နိုင်မယ့်အကြောင်းပေါ့။ ဒါက တကယ်ကို အပေါင်းလက္ခဏာဆောင်ပါတယ်။ ပရီးမီးယားလိဂ်က ကစားသမားတိုင်း ကစားလိုတဲ့ နေရာပါ' ဟု ဝက်စ်ဘရွန်းအသင်းဝက်ဘ်ဆိုက်သို့ ပြောကြားသည်။

အသက် ၂၆ နှစ်အရွယ်ရှိ မက္ကလင်းသည် ၂၀၁၁ မှ ၂၀၁၃ အထိ ဆန်းဒါးလန်းအသင်းတွင် ကစားခဲ့သူ ဖြစ်သည်။ ထို့နောက်ဝီဂန်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုမှတစ်ဆင့် ဝက်စ်ဘရွန်းသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။

ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်က မက္ကလင်းသည် အသင်းကို ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ပေးနိုင်မည့်သူဟု ယုံကြည်လျက်ရှိသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly