နိုင်ငံခြားဘဏ်လုပ်ငန်းများ ဗဟိုဘဏ်က ခွင့်ပြုချက် ထပ်မံချထားပေးမည်

နိုင်ငံခြားဘဏ်လုပ်ငန်းများ ဗဟိုဘဏ်က ခွင့်ပြုချက် ထပ်မံချထားပေးမည်
(ဓာတ်ပုံ-မဇ္ဈိမ)

၂၀၁၆ ဇူလိုင်နောက်ပိုင်းမှစကာ မြန်မာနိုင်ငံအတွင်း ဘဏ်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံခြားဘဏ်များကို ဗဟိုဘဏ်က ခွင့်ပြုချက်လိုင်စင်များ ထပ်မံချထားပေးတော့မည်   ဖြစ်သည်။

နိုင်ငံခြားဘဏ်များသို့ အဆိုပြုချက်ဖောင်အား ဗဟိုဘဏ်က ဇူလိုင်လအစောပိုင်းတွင် ဖြန့်ဝေပေးပို့သွားမည်ဖြစ်သည်။

စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံအတွင်း ပထမဆုံးအဖြစ် တရုတ်နိုင်ငံက စီးပွားရေးဘဏ်လုပ်ငန်းများ လုပ်ကိုင်ရန် Industrial and Commercial Bank of China (ICBC) ဘဏ်နှင့် တရုတ်နိုင်ငံ၏ နိုင်ငံပိုင် အကြီးဆုံး စီးပွားရေးဘဏ် ငါးခုမှ တစ်ခုဖြစ်သည့် Bank of China ဘဏ်များက ၎င်းတို့၏ ကိုယ်စားလှယ်ရုံးများအား ရန်ကုန်၌ လာရောက်ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားဘဏ်များမှ ကိုယ်စားလှယ်ရုံးများ လာရောက်ဖွင့်လှစ်ထားကြသည်မှာ ၄၃ ရုံးအထိ ရှိနေပြီး ဆယ်စုနှစ် ငါးခုအတွင်း ပထမဆုံးအဖြစ် နိုင်ငံခြားဘဏ်များ လုပ်ကိုင်ခွင့်အတွက် ICBC အပါအဝင် ဘဏ်ကိုးခုကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက လုပ်ငန်းလိုင်စင် ချထားပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required