ကိုရီးယား ဒရာမာ “Cheese In the Trap” မှာ မထုတ်လွှင့်ရသေးမီ အချိန်ကတည်းက ရေပန်းစားလျက်ရှိ

ကိုရီးယား ဒရာမာ “Cheese In the Trap” မှာ မထုတ်လွှင့်ရသေးမီ အချိန်ကတည်းက ရေပန်းစားလျက်ရှိ

ကိုရီးယားဇာတ်လမ်းတွဲ “Cheese In The Trap” မှာ မထုတ်လွှင့်ရသေးမီ အချိန်ကတည်းက ပရိသတ်များကြားတွင် ရေပန်းစားလျက် ရှိသည်။

ထို ဇာတ်လမ်းတွဲထဲတွင် ပါဝင် သရုပ်ဆောင်မည့် မင်းသား Park Hae Jin မှာ တရုတ်နိုင်ငံ တွင်လည်း အထူးကျော်ကြားလှသူ ဖြစ်သည်။

“Cheese In the Trap” ဇာတ်လမ်းတွဲမှာ ဇာတ်မြူးဖြစ်ကာ၊ မထုတ်လွှင့်ရသေးသော်လည်း ယခုနှစ်၏ ရေပန်းအစားဆုံး ကိုရီးယားနှင့် ဂျပန် ဒရာမာများ စာရင်းတွင် ပါဝင်လျက် ရှိသည်။

ထိုဇာတ်လမ်းတွဲမှာ ရေပန်းအစားဆုံး ဇာတ်လမ်းတွဲများ စာရင်းတွင် နံပါတ် ၁၀ နေရာသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“Cheese In the Trap” တွင် Kim Go Eun နှင့် Seo Kang Joon တို့လည်း ပါဝင် သရုပ် ဆောင်ထားကြသည်။ ထိုဇာတ်လမ်းတွဲကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် စတင် ထုတ်လွှင့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly