အိုင်အက်စ်အား တိုက်ခိုက်မှုကို အီရတ်က အားနည်းအောင်လုပ်နေဟု တူရကီက ကုလတွင် စွပ်စွဲ

အိုင်အက်စ်အား တိုက်ခိုက်မှုကို အီရတ်က အားနည်းအောင်လုပ်နေဟု တူရကီက ကုလတွင် စွပ်စွဲ

ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၁၉ ။           ။ အီရတ်မြောက်ပိုင်းတွင် တူရကီတပ်ဖွဲ့များချထားခြင်းအား ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တိုင်ကြားခြင်းဖြင့် အီရတ်သည် အိုင်အက်စ်စစ်သွေးကြွများအား ကမ္ဘာလုံးဆိုင်ရာ ဆန့်ကျင်ဖျက်မှုကို အားနည်းအောင်ပြုလုပ်နေသည်ဟု တူရကီက အီရတ်အား ဒီဇင်ဘာ ၁၈က စွပ်စွဲလိုက်သည်။

အဖွဲ့ဝင် ၁၅ဦးပါ လုံခြုံရေးကောင်စီသည် အီရတ်၏ မေတ္တာရပ်ခံချက်အရ ယင်းကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၈ တွင် အစည်းအဝေးပြုလုပ်ခဲ့သည်။ တူရကီတပ်များ ချက်ခြင်းဆုတ်ခွာရန် အီရတ်နိုင်ငံခြားရေးဝန်ကြီး အီဘရာဟင်အယ်လ်ဂျာဖာရီက တောင်းဆိုထားသည်။လုံခြုံရေးက အရေးယူရေး မေတ္တာရပ်ခံချက်မှာ နောက်ဆုံးအားကိုးရာဖြစ်သည်ဆိုသည့် သဘောမျိုး ဂျာဖာရီက ဆိုသည်။

အခွင့်မရှိဘဲ အီရတ်နိုင်ငံထဲသို့ တူရကီတပ်ဖွဲ့များ ဆုတ်ခွာရေးအတွက် နှစ်ဖက်ညိနှိုင်းမှုများနှင့် သံတမန်ရေးလမ်းကြောင်းအားလုံးဆောင်ရွက်မှုမှ အားအင်ကုန်ခန်းကာ နောက်ထပ် လုပ်ဆောင်နိုင် စွမ်းမရှိဟု ၎င်းကပြောသည်။

အိုင်အက်စ်ကို တိုက်ခိုက်ရေးအတွက် အီရတ်ပြည်သူ့စစ်များကို လေ့ကျင့်ပေးရန်ဆိုကာ ယခုလအစောပိုင်းက ဘာရှီကာအရပ်တွင် တူရကီက ၎င်း၏တပ်ဖွဲ့ဝင် ၁၅၀ခန့်ကိုချထားခဲ့သည်။ တူရကီက ယခုသီတင်းပတ်တွင် ၎င်း၏တပ်ဖွဲ့ဝင်အချို့ကို အီရတ်၏ကာ့ဒ်ဒေသအတွင်းရှိ အခြားအခြေစိုက်စခန်းတစ်ခုသို့ ရွှေ့ပြောင်းခဲ့သည်။ သို့သော်လည်း တူရကီတပ်ဖွဲ့ဝင်အားလုံးလုံးဝရုပ်သိမ်းပေးရမည်ဟု အီရတ်ကဆိုသည်။

အန္တရာယ်မြင့်မားနေမှုကို လျှော့ချရန် တူရကီက လုံလောက်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး အိုင်အက်စ်များကို တိုက်ခိုက်နိုင်ရေးအတွက် ၎င်းတို့၏လုပ်ဆောင်ချက်များကို ပြန်လည်ကာ အလေးထားသင့်သည်ဟု ကုလဆိုင်ရာတူရကီသံအမတ်ကြီး ဟာလစ်စေဗစ်က ပြောသည်။

"ဒီပြသနာကို စကတည်းက နှစ်ဖက်လမ်းကြောင်းတွေကနေ ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီပြသနာကို အမျိုးမျိုးသော နိုင်ငံတကာမူဝါဒတွေထဲ ပို့လိုက်တာဟာ အိုင်အက်စ်ကို ဆန့်ကျင်တိုက်ဖျက်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စည်းလုံးမှုကို အားနည်းသွားတာကလွဲပြီး တခြားမရှိပါဘူး"ဟု စေဗစ်က လုံခြုံရေးကောင်စီသို့ ပြောသည်။

တူရကီအနေဖြင့် အီရတ်၏ အချုပ်အာဏာကို ထိပါးချိုးရန် မည်သည့်အခါကမျှမလုပ်ခဲ့သကဲ့သို့ ယင်းသို့လုပ်ရန်လည်း စိတ်ဝင်စားမည်မဟုတ်ကြောင်း ၎င်းကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required