အဆိုတော် များစွာ ပါ၀င်မည့် Happy New Year Eve Redsquare Countdown Party ဖျော်ဖြေပွဲ

အဆိုတော် များစွာ ပါ၀င်မည့် Happy New Year Eve Redsquare Countdown Party ဖျော်ဖြေပွဲ

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။          ။ Bo Bo Entertainment မှ အဆိုတော် များစွာဖြင့် Happy New Year Eve Redsquare Countdown Party ဖျော်ဖြေပွဲ ကို ဒီဇင်ဘာ ၃၁ရက်တွင် ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ ရွှေထွဋ်တင်ကွင်း၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်သည်။

Happy New Year Eve Redsquare Countdown Party အမည်ရှိ ဖျော်ဖြေပွဲကို မြန်မာနိုင်ငံရှိ နာမည်ကြီး Rock အဆိုတော်များ ၊ Hip Hop အဆိုတော်များ နှင့် DJ EDM Party ဖြင့် ပူးပေါင်း တင်ဆက်ရန် စီစဉ် ထားသည်။

Bo Bo Entertainment မှ ကိုဘိုစန်း က " ဒီနှစ်တော့ အဆိုတော် တွေ အများကြီး နဲ့ ကျွန်တော် တို့ လုပ်မယ် ။ စင် ဒီဇိုင်း က အစ လုံခြုံရေး ပိုင်း အထိ သေချာ လုပ်ထားတယ်။ ဒီပွဲမှာ မြန်မာနိုင်ငံက အဆိုတော် တွေ အပြင် နိုင်ငံခြားက ဒီဂျေ အနုပညာရှင်တွေ လည်း ပါဝင်မှာပါ" ဟု ပြောသည်။

ထို ဖျော်ဖြေပွဲတွင် Rock အဆိုတော်များ ဖြစ်ကြသည့် ဝေလ ၊ ဝန ၊ သာဒီးလူ ၊ ဇွဲပြည့် တို့မှ Runner Band ဖြင့် ဖျော်ဖြေ တင်ဆက် ကြမည် ဖြစ်ပြီး Hip Hop အဆိုတော်များ အနေဖြင့် စိုင်းစိုင်းခမ်းလှိုင်၊ Snare ၊ လွှမ်းပိုင် ၊ ဘန်နီဖြိုး ၊ ရဲရင့်အောင် ၊ Bobby Soxer ၊ ရွှေထူး ၊ ထက်ယံ ၊ Lil'Z ၊ G-Fatt နှင့် မိစန္ဒီ တို့မှ ပါဝင် တင်ဆက် ကြမည် ဖြစ်သည်။

DJ ဖျော်ဖြေမှုများ အနေဖြင့် DJ Usher ၊ DJ Leo ၊ DJ Mickey ၊ DJ Lu Lu ၊ DJ Naung Naung ၊ DJ Dyamite နှင့် အခြား ဖိတ်ခေါ် ထားသည့် နိုင်ငံခြားသား DJ အနုပညာရှင်များ၏ အစီအစဉ် များလည်း ပါဝင်မည် ဖြစ်သည်။

ကြိုတင် လက်မှတ်များ အနေဖြင့် တစ်စောင်လျှင် ရှစ်ထောင်ကျပ် ဖြင့် ဝယ်ယူ နိုင်မည် ဖြစ်ပြီး ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၁ရက်တွင် ညနေ ၆နာရီ မှ စတင်ပြီး ဖျော်ဖြေမည် ဖြစ်သည်။ ယခင် ပွဲများ နှင့် မတူ ကွဲပြား ခြားနားသည့် Lighting ၊ LED ပုံစံများနှင့် တည်ဆောက်ကာ တင်ဆက် သွားမည် ဖြစ်သည်။

လက်မှတ်များကို Bo Bo Music Production ၊ Bo Bo Film Production ၊ City Mart & Ocean Supermarket ၊ Orange Supermarket ၊ မန်းသီရိ ၊ Nobody ၊ Fashion Star ၊ 1876 ၊ Spirits ၊ Run YGN ၊ Genius ၊ OMG စသည့် ဆိုင်များတွင် ဝယ်ယူ ရရှိ နိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required