သဘင် ပညာရှင် ရွှေမန်းတင်မောင်၏ မြစ်များ ရန်ကုန်တွင် ပထမဆုံး ကပြ ဖျော်ဖြေမည်

သဘင် ပညာရှင် ရွှေမန်းတင်မောင်၏ မြစ်များ ရန်ကုန်တွင် ပထမဆုံး ကပြ ဖျော်ဖြေမည်
ဓာတ်ပုံ - ပန်းမြတ်ဇော်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၇ ။           ။ မန္တလေးတွင် ဇာတ်ထောင်ကာ ကပြ ဖျော်ဖြေလျက် ရှိသည့် နိုင်ငံကျော် သဘင် ပညာရှင် ရွှေမန်းတင်မောင်၏ မြေး မင်းသားကြီး ဝင်းဗိုလ်၏ သားများ ဖြစ်ကြသည့် ဗိုလ်ညီအကို မှ ဇန်ဝါရီလတွင် ရန်ကုန်၌ ပထမဆုံး ကပြ ဖျော်ဖြေမည် ဒီဇင်ဘာ ၁၆ရက်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဗိုလ်ညီအကိုအဖွဲ့ ၏ ရန်ကုန် ဖျော်ဖြေမှု အနေဖြင့် ဇန်နဝါရီ ၂ရက်တွင် ဗိုလ်တစ်ထောင် ဘုရားပွဲ၌ ကပြ ဖျော်ဖြေမည် ဖြစ်ပြီး သာကေတ ၊ ရွှေပြည်သာ ၊ မြောက်ဥက္ကလာပ မြို့နယ် တို့တွင် ကပြ ဖျော်ဖြေ သွားမည် ဖြစ်သည်။

ရန်ကုန် ဖျော်ဖြေမှု များတွင် လူငယ် အကြိုက် အပြင် သဘင် ပညာရှင် ရွှေမန်း တင်မောင်၏ အမွေကို ထိန်း သိမ်း သည့် အနေဖြင့် ညီတူ မျှတူ ကပြ ဖျော်ဖြေ သွားမည် ဖြစ်ပြီး ပြဇာတ် ၊ အော်ပရာ ၊ နှစ်ပါးသွား များကို ပရိသတ် များ အတွက် အကောင်းဆုံး ကပြ ဖျော်ဖြေ သွားမည် ဖြစ်သည်။

စည်သူဗိုလ် ၊ သူရဗိုလ် ၊ ရာဇာဗိုလ် တို့ သုံးဦး မှ ဗိုလ်ညီအကို နာမည်ဖြင့် မန္တလေးတွင် ဇာတ်ထောင်ကာ ကပြ ဖျော်ဖြေ ခဲ့သည်မှာ ၄နှစ် ရှိပြီ ဖြစ်ပြီး ဗိုလ်ညီအကို ဟု မတည်ထောင်ခင် အချိန်တွင် ချမ်းသာ ဇာတ် အဖွဲ့နှင့် လိုက်လံ ကပြ ဖျော်ဖြေ ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ညီအကို အဖွဲ့ မှ အကြီးဆုံး ဖြစ်သည့် စည်သူဗိုလ် က " ရန်ကုန် ပရိသတ် နဲ့ ကတော့ အစိမ်းကြီးတော့ မဟုတ်ပါဘူး ရန်ကုန်မှာလည်း ကခဲ့တာ ၁၀နှစ်လောက် ရှိတာကိုး ကိုယ်ပိုင် အဖွဲ့အစည်း အနေနဲ့သာ မလှုပ် ရှား ပေမယ့် ကိုယ့်ဦးလေး အဖွဲ့တွေနဲ့ ကခဲ့ဖူးတာ ဆိုတော့ စိတ်လေးလံတာ မရှိပါဘူး  ပရိသတ်ကို ဖျော်ဖြေ ဖို့ အတွက် အားတွေ အများကြီး မွေးထားပါတယ်" ဟု ပြောသည်။

ဖခင် ဖြစ်သူ မင်းသားကြီး ဝင်းဗိုလ် တင်ဆက် ခဲ့သည့် ဇာတ်လမ်း ဇာတ်ကွက် များ ကဟန် များ ကိုလည်း အရိပ်အယောင် တစ်ခု အနေဖြင့် ကပြ ဖျော်ဖြေ တက်ဆင် သွားမည် ဖြစ်ပြီး ရန်ကုန်ပွဲတွေ မှ တဆင့်  တစ်နိုင်ငံ လုံး အတိုင်း အတာ အနေဖြင့် ကပြ ဖျော်ဖြေ သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required