အလှမယ် မိုးယသော် ၏ ၀တ်စုံ မှာ မန်းလေး ရွှေနန်းတော်ကို ကိုယ်စားပြုသည့် မြို့ရိုးကို ပုံဖော် ထားခြင်း ဖြစ်

အလှမယ် မိုးယသော် ၏ ၀တ်စုံ မှာ မန်းလေး ရွှေနန်းတော်ကို ကိုယ်စားပြုသည့် မြို့ရိုးကို ပုံဖော် ထားခြင်း ဖြစ်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ။           ။ အွန်လိုင်းတွင် စိတ်ဝင်စားမှု များပြား နေသည့် Miss Tourism Queen of the  year International 2015 ပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်နေသည့် အလှမယ် မိုးယသော် ၏ နိုင်ငံ ကိုယ်စားပြု ဝတ်စုံ နှင့် ပတ်သက်ပြီး Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက မန်းလေး ရွှေနန်းတော်ကို ကိုယ်စားပြုသည့် မြို့ရိုး ကို ပုံဖော် ထားခြင်း ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

မလေးရှား နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် Miss Tourism Queen of the  year International 2015 ပြိုင်ပွဲ အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် Style Plus H သင်တန်းကျောင်းမှ အလှမယ် မိုးယသော်ကို ရွေးချယ် စေလွှတ်ခြင်း ဖြစ်သည်။

အလှမယ် မိုးယသော် ၏ နိုင်ငံ ကိုယ်စားပြု ဝတ်စုံ ကို ဒီဇိုင်နာ စုစုခိုင် နှင့် မိတ်ကပ်ပညာရှင်Chriz Kyaw Min တို့မှ ပူးပေါင်းပြီးTourism အဖွံ့ဖြိုးဆုံး ဒေသဖြစ်သည့် မန်းလေး ရွှေနန်းတော်ကို ကိုယ်စားပြုသည့် မြို့ရိုး ကို ပုံဖော် ခဲ့ခြင်း ဖြစ်သည်။

Style Plus H သင်တန်းကျောင်းမှ မလှနုထွန်းက " အခုလို Like လုပ်တာကော Share လုပ်တာတွေ နေရာတိုင်းမှာ တွေ့နေရတဲ့ အတွက် လှနု ဝမ်းသာ မိပါတယ်။ ဒီဝတ်စုံ အတွက် ဒီဇိုင်နာတွေ အရမ်း ပင်ပန်း ခဲ့ရပါတယ်။ မန်းလေး ရွှေနန်းတော်ကို ကိုယ်စားပြု သည့် မြို့ရိုးကို ပုံဖော် ထားတာပါ။ Miss Tourism Queen of the year  International အဖွဲ့အစည်းဘက်ကလည်း အရမ်း သဘောကျကြတယ်။ အကောင်းအဆိုး ဝေဖန်တာတွေ ရှိပေမယ့် တချို့ကျတော့ ရိုင်းရိုင်းစိုင်းစိုင်း ပြောတာတွေ ရှိတယ် အဲဒီ အတွက် ကိုတော့ စိတ်မကောင်း ဖြစ်မိတယ်" လို့ ပြောသည်။

ဝတ်စုံ နှင့် ပတ်သက်ပြီး အင်တာနက် စာမျက်နှာတွင် စိတ်ဝင်စားမှု များပြား နေသလို ဝေဖန်မှု များစွာလည်း ရှိနေသည့် နိုင်ငံ ကိုယ်စားပြု ဝတ်စုံ တစ်ခုလည်း ဖြစ်သည်။ ဒီဇိုင်နာ စုစုခိုင် သည် Miss South East Asia Tourism Ambassadress 2015 တွင် Best in National Costume ဆု ရရှိ ခဲ့သည့် ရှင်ပြည့်စုံထက် အတွက် ဖန်တီး ပေးခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

အလှမယ် မိုးယသော် အတွက် National Costume ကို ဒီဇိုင်နာ မစုစုခိုင် မှ ဖန်တီး ပေးထားပြီး ညနေခင်း ဝတ်စုံ အတွက်ကို ဒီဇိုင်နာ မစုစုဉာဏ် မှ ဖန်တီး ချုပ်လုပ် ပေးထားခြင်း ဖြစ်သည်။ လက်ရှိတွင် အလှမယ် မိုးယသော် သည် Miss Tourism Queen of the  year International 2015 ပြိုင်ပွဲ အတွက် Camp ဝင်ရောက် လျက် ရှိသည်။

Talent ပြိုင်ပွဲ အတွက်ကိုလည်း ဦရွှေရိုး အက နှင့် ဘဲလေး အကကို ပေါင်းစပ် တင်ဆက် မည် ဖြစ်ပြီး Talent ပိုင်း အတွက်ကို သေချာ ပြင်ဆင် မှုများ ပြုလုပ် သွားခဲ့သည်။

Miss Tourism Queen of the  year International 2015  ပြိုင်ပွဲ ကို မလေးရှား နိုင်ငံတွင် ဒီဇင်ဘာ ၁၂ရက် မှ ၃၁ရက် အထိ ပြုလုပ်မည် ဖြစ်ပြီး ဒီဇင်ဘာ ၃၁ရက်တွင် Final ပြိုင်ပွဲ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required