လက်ပံတောင်းစီမံကိန်းခြံခတ်ရာတွင် လျော်ကြေးငွေမယူထားသည့် လယ်ယာမြေပါဝင်သည့်အတွက် သီးနှံလျော်ကြေးတောင်းခံ

လက်ပံတောင်းစီမံကိန်းခြံခတ်ရာတွင် လျော်ကြေးငွေမယူထားသည့် လယ်ယာမြေပါဝင်သည့်အတွက် သီးနှံလျော်ကြေးတောင်းခံ
ဓာတ်ပုံ-မာန်ဇာမြေမွန် ၂၀၁၄ ခုနှစ်ဒီဇင်ဘာ ၂၂ ရက်နေ့က ခြံစည်းခတ်သည်ကို တားမြစ်သည့် ဒေသခံများနှင့်ရဲတပ်ဖွဲ့ထိပ်တိုက်တွေ့ဆုံစဉ်။

မုံရွာ၊ ဒီဇင်ဘာ ၁၅ ။            ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးဆောင်ရွက်ရန်အတွက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ခြံစည်းရိုးခတ်ရာ တွင်လျော်ကြေးမယူသည့် လယ်ယာမြေများမှ ခြံခတ်ရာတွင် ပါဝင်သွားသည့်အတွက် တစ်နှစ်စာသီးနှံ လျော်ကြေးပေးရန်အတွက် မြန်မာဝမ်ပေါင်ကုမ္မဏီသို့ တောင်းခံထားကြောင်း ဒေသခံများထံမှ သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီးဝန်းကျင်မှ ကျေးရွာ ၆ ရွာမှ ဒေသခံတောင်သူများ ဆုပေါင်းကာ ဒီဇင်ဘာ ၁၄ ရက်က မြန်မာဝမ်ပေါင်ကုမ္မဏီသို့ သွားရောက် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း တုံကျေးရွာမှဒေါ်ညိုလေးကပြောသည်။

"လယ်ယာမြေတွေအတွက် မြေယာလျော်ကြေးယူမထားပါဘူး၊ ဒါ့ကြောင့်လယ်တွေကို ဒေသခံတွေပိုင်တယ်၊ ကိုယ့်လယ်မြေပေါ်မှာ သီးနှံစိုက်ခွင့်မရခဲ့တဲ့အတွက် တစ်နှစ်စာ သီးနှံလျော်ကြေး သွားရောက်တောင်းဆိုခဲ့ကြတာပါ၊" ဟု ဒေါ်ညိုလေးကပြောသည်။

သွားရောက်တောင်းဆိုရာတွင် ဂိတ်စောင့်မှ အထဲဝင်သွားပြီး ခဏအကြာပြန်ထွက်လာပြီးနောက် တရုတ်အရာရှိများ မရှိဟုပြောဆိုသဖြင့် ပြန်လာခဲ့ရကြောင်း ဒေါ်ညိုလေးကဆိုသည်။

အဆိုပါ တစ်နှစ်စာ သီးနှံလျော်ကြေးတောင်းဆိုခဲ့ကြသော ကျေးရွာများမှာ တုံအလယ်တော၊ တုံထန်းတောကြီး၊ တုံရွာမ၊ တုံလယ်တီလက်ပတောင်း၊ တုံတောကျောင်း၊ စသည့်ကျေးရွာ(၆)ရွာမှ ဒေသခံ များမှာ စိုက်ပျိုးမြေယာမရှိသည့်အတွက် စားဝတ်နေရေးအခက်ခဲများရှိနေကြောင်း တုံကျေးရွာမှ မစန္ဒာက ပြောသည်။

ယင်းသို့  လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြီးဆက်လက်အကောင့်အထည်ဖော်ဆောင်ရွက်ရန်အတွက်၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စတင်ခြံစည်းရိုးခတ်ခဲ့ပြီးဒေသခံများ၏ တားမြစ်မှုကြောင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ဒေသခံတောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းတွင် သေနတ်ထိမှန်၍သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly