မြန်မာနှင့် လာအို ဘိန်းစစ်တမ်း ထုတ်ပြန်မည်

မြန်မာနှင့် လာအို ဘိန်းစစ်တမ်း ထုတ်ပြန်မည်
၂၀၁၅ ခုနှစ် ဂျွန်လ ၂၆ ရက်တွင် ကျရောက်သည့် အပြည်အပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ကူးသန်းရောင်းဝယ်မှု တိုက်ဖျက်ရေးအထိန်းအမှတ်အဖြစ် ဖမ်းဆီးမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးပွဲအခန်းအနားအား ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် ၉ လုံခြံုရေးရဲတပ်ဖွဲ့ခွဲ့ တွင် ဂျွန်လ ၂၆ ရက်က ပြုလုပ်ကျင်းပသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ -ဟောင်ဆာ(ရာမည)

Mizzima ။           ။မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ ဘိန်းစိုက်ပျိုးမှုများ ဆက်လက်၍ မြင့်မားနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာစစ်တမ်းသစ်တစ်ရပ်အား ထိုင်းနိုင်ငံ ဘန်ကောက်တွင် နိုင်ငံခြားသတင်းထောက်များကလပ်၌ ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်မည်ဖြစ်သည်။

အဆိုပါ ပွဲသို့ ဂျာနယ်လစ်များနှင့် သက်ဆိုင်ပတ်သက်ရာ ပုဂ္ဂိုလ်များအား ဖိတ်ကြားထားပြီး အပြန်အလှန်ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

စစ်တမ်းတွင် ဘိန်းစိုက်ကျေးရွာများမှ တောင်သူများ၏ စီးပွားရေးအခြေအနေနှင့် ကောက်ပဲသီးနှံစိုက်ပျိုးမှု အချက်အလက်များပါဝင်မည်လည်းဖြစ်သည်။ ဘိန်းစိုက်တောင်သူများမှာ စားနပ်ရိက္ခာဖူလုံရေးနှင့် ဆင်းရဲမွဲတေမှုဘေးများကြောင့် ဘိန်းစိုက်ပျိုးခြင်းကနေ ဝင်ငွေရှာဖွေနေကြခြင်းများကို အဆိုပါ အစီရင်ခံစာစစ်တမ်းတွင် ထည့်သွင်းဖော်ပြထားသည်။

ယခု ထုတ်ပြန်မည့် အစီရင်ခံစာက ဒေသခံပြည်သူများ ဘိန်းစိုက်ပျိုးမှုနှင့် ဘဝရပ်တည်နေရခြင်း ကိစ္စရပ်များ ကိုင်တွယ်ဖြေရှင်းရေး မြန်မာနိုင်ငံက ရွေးကောက်ခံအစိုးရသစ်နှင့် လာအိုအစိုးရတို့အတွက် စိန်ခေါ်မှု ပြဿနာအချို့အား မီးမောင်းထိုးပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required