အာဖဂန်က စပိန်သံရုံးအနီး လာရောက်တိုက်ခိုက်သည့် တာလီဘန်လေးဦးစလုံး သေဆုံး

အာဖဂန်က စပိန်သံရုံးအနီး လာရောက်တိုက်ခိုက်သည့် တာလီဘန်လေးဦးစလုံး သေဆုံး

ကဘူးလ်၊ ဒီဇင်ဘာ ၁၂ ။           ။ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်အတွင်းရှိ စပိန်သံရုံးအနီး နိုင်ငံခြားသား ဧည့်ဂေဟာတစ်ခုကို တိုက်ခိုက်သည့် တာလီဘန်သေနတ်သမား လေးဦးစလုံး   သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

တိုက်ခိုက်မှုအတွင်း အာဖဂန်ရဲလေးဦးနှင့် စပိန်အစောင့်နှစ်ဦးလည်း သေဆုံးကြောင်း ၎င်းတို့က ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နှောင်းပိုင်းအချိန်တွင် စတင်ဖြစ်ပွားသည့် ယင်းတိုက်ခိုက်မှုအတွင်း အရပ်သားတစ်ဦးလည်း သေဆုံးသည်ဟု သတင်းများတွင် ဖော်ပြသည်။

ရှားပါရ်ခရိုင်အတွင်း ယင်းနယ်မြေသို့ မဝင်ရောင်ခင် တာလီဘန်တိုက်ခိုက်ရေးသမားများက ဦးစွာ ကားဗုံးဖောက်ခွဲ ဝင်ရောက်ခြင်းဖြစ်ကြောင်း တာလီဘန်များဖက်က ပြောသည်။

တာလီဘန်က ၎င်း၏ တိုက်ခိုက်ရေးသမားများ သေဆုံးကြောင်းကို အတည်ပြုချက်ပေးသော်လည်း ၎င်းတို့ပိုင် ဂျီဟတ်ဒ်တို့ရဲ့ အသံဆိုသည့် ဝက်ဘ်ဆိုက်တွင် ၎င်းတို့၏ တိုက်ခိုက်ရေးသမားများက အာဖဂန်နှင့် နိုင်ငံခြားသား ၂၀ ကို သုတ်သင်ခဲ့သည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required