MIS နှင့် Elite Express တို့ပူးပေါင်း၍ မိဘမဲ့ကလေးများကို လှူဒါန်း

MIS နှင့် Elite Express တို့ပူးပေါင်း၍ မိဘမဲ့ကလေးများကို လှူဒါန်း
(ဓါတ်ပုံ - ဖြိုးသီရိသူ မဇ္စျိမ)

ရန်ကုန် ဒီဇင်ဘာ ၁၂ ။          ။  Myanmar International School(MIS) နှင့် Elite Express Public Company တို့ပူးပေါင်း ၍ ဒီဇင်ဘာ ၁၂ရက်နေ့တွင် တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဂုံညင်းတန်း ကျေးရွာအုပ်စု၊ ဥယျာဉ်ကြီးကျေးရွာရှိ မျိုးမြန်မာ လူငယ်ဖွံ့ဖြိုးရေးစင်တာ မှ မိဘမဲ့ ကလေးများကို လူ့အသုံးအဆောင်နှင့် အစားအသောက်များ သွားရောက် လှူဒါန်းခဲ့သည်။

MIS မှကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ Elite Expessမှ ဝန်ထမ်းများက လူ့အသုံးအဆောင်နှင့် အစားအသောက်များကို ယင်းစင်တာရှိ မိဘမဲ့ကလေး အယောက်ငါးဆယ်ခန့်ကို လှူဒါန်းခဲ့သည်။

ခရစ်စမတ်ကာလဖြစ်သည့်အတွက် "Choose Love, Choose Elite Express This Christmas Season Charity Event "အစီအစဉ်ဖြင့် မိဘမဲ့ကလေးများကို ပျော်ရွင်စေလိုသောကြောင့်   ကျောင်းသားများနှင့်အတူ လက်ဆောင်ပစ္စည်းများ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း MIS မှ ဆရာမတစ်ဦးဖြစ်သူ Ms. Pamela Campbell ကပြောကြားသည်။

Elite Express အနေဖြင့်လည်း မိဘမဲ့ကလေးများ၏ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ MIS နှင့် ပူးပေါင်းပြီး လာရောက်လှူဒါန်းဖြစ်ကြောင်း Elite Express Public Company မှ Maintenance & Engineering Manager ကို ပြည့်ဖြိုးအောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags