ဒရုန်းများကို ထိန်းချုပ်မည့် တပ်ဖွဲ့ တိုကျိုရဲတပ်ဖွဲ့က စတင်ဖွဲ့စည်းမည်

ဒရုန်းများကို ထိန်းချုပ်မည့် တပ်ဖွဲ့ တိုကျိုရဲတပ်ဖွဲ့က စတင်ဖွဲ့စည်းမည်

ဒီဇင်ဘာ ၁၂ ။              ။ ပြည်သူအချို့က မြေပြင်မှ ထိန်းချုပ်မောင်းနှင်သော လူမဲ့လေယာဉ်ငယ်ဒရုန်းများကို ရှာဖွေရန်နှင့် လိုအပ်ပါက အနှောက်အယှက်ပေးသော ဒရုန်းများကို ဖမ်းဆီးရန် ဒရုန်းတပ်ဖွဲ့တစ်ခုကို တိုကျိုရှိ ရဲတပ်ဖွဲ့တစ်ခုက စတင်ဖွဲ့စည်းမည်ဖြစ်သည်။ ၎င်းတပ်ဖွဲ့က ဝန်ကြီးချုပ်၏ ရုံးကဲ့သို့ အရေးကြီးသည့် နေရာများတွင် ကင်းလှည့်မည်ဖြစ်သည်။

သံသယဖြစ်ဖွယ် ဒရုန်းတစ်ခုကို စစ်ဆေးတွေ့ရှိပါက မောင်းနှင်သူကို မြေပြင်ရှိ အသံချဲ့စက်မှ တဆင့် သတိပေးမည်ဖြစ်သည်။ သို့သော်လည်း တုံ့ပြန်မှုမရှိပါက ၎င်းဒရုန်းကို ပိုက်ကွန်များ တပ်ဆင် ထားသော ဒရုန်းများဖြင့် အဆိုပါဒရုန်းကို ဆွဲချမည်ဖြစ်သည်။ "ဗုံးတွေသယ်လာတဲ့ ဒရုန်းတွေကို သုံးပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ဖြစ်နိုင်ခြေရှိပါတယ်"ဟု ရဲတပ်ဖွဲ့၏ လုံခြုံရေးဗျူရိုမှ အကြီးတန်း အဖွဲ့ဝင်တစ်ဦးက အဆားဟိသတင်းစာသို့ ပြောသည်။

"စိတ်ထဲက တွေးလို့ရသမျှ အဆိုးဆုံးဖြစ်ရပ်တွေကို ကာကွယ်ဖို့ မျှော်လင့်ထားပါတယ်"ဟု ၎င်းကပြောသည်။ ဧပြီက ရေဒီယိုသတ္တိကြွပစ္စည်းအနည်းငယ်သယ်လာသော ဒရုန်းတစ်စင်းသည် ဝန်ကြီး ချုပ်ရုံး ခေါင်မိုးပေါ်သို့ ဆင်းသက်ခဲ့သည်။ မည်သူမျှဒဏ်ရာမရခဲ့သော်လည်း ၎င်းဖြစ်ရပ်နှင့် ဆက်နွယ်သည့်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သည်။

တိုကျိုရဲတပ်ဖွဲ့၏ ပိုက်ကွန်များတပ်ထားသော ဒရုန်းများက မလိုလားအပ်သည့် ဒရုန်းတစ်ခုကို မည်သို့ဖမ်းမိနိုင်ကြောင်း Jijicom ဂျပန်ဝက်ဘ်ဆိုက်တစ်ခုက အွန်လိုင်းသို့တင်ခဲ့သည့် ဗီဒီယိုတစ်ခုတွင် ပြသခဲ့သည်။

ဂျပန်တွင် လေဆိပ်များ၊ ဓါတ်အားပေးစက်ရုံများ၊ လမ်းများကဲ့သို့ အချို့နေရာများ သို့မဟုတ် မီတာ ၁၅၀ အထက်တွင် ဒရုန်းများပျံသန်းခြင်းမှာ တရာမဝင်ကြောင်း ပင်းဆင့်မေဆင်စ်ဥပဒေ အကျိုးဆောင် ကုမ္ပဏီမှ ပေါလ်ဟတ်စ်ဝဲလ်က ဘီဘီစီသို့ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly