ထိုင်းစုံစမ်းစစ်ဆေးရေး ဒု-အကြီးအကဲတစ်ဦး ပတ္တာနီတွင် ပစ်သတ်ခံရ

ထိုင်းစုံစမ်းစစ်ဆေးရေး ဒု-အကြီးအကဲတစ်ဦး ပတ္တာနီတွင် ပစ်သတ်ခံရ

ပတ္တာနီ၊ ဒီဇင်ဘာ - ၁၂ ။           ။ ထိုင်းနိုင်ငံတွင် မာယိုခရိုင် ရဲစခန်းမှ စုံးစမ်းစစ်ဆေးရေး ဒု-အကြီးအကဲတစ်ဦးသည် ဒီဇင်လာ ၁၁ ညက နိုင်ငံတောင်ပိုင်း တိုက်ခိုက်မှုများဖြစ်ပွားလေ့ရှိသည့် နယ်စပ်ပြည်နယ်၏ ဆိုင်ဘူရီခရိုင်ရှိ ဗလီတစ်ခုမှ ပြန်လာပြီးနောက်  သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

အသက် ၅၆ နှစ်အရွယ် ရဲအုပ်တစ်ဦးဖြစ်သူ မာလူဆိုင် ဆာဟော်သည် ဒီဇင်ဘာ၁၁ ည ၉ နာရီခန့်က  ဒေသရှိ ဗလီတစ်ခုမှ ပြန်လာပြီးနောက် တော်ဘောလ်စခန်းရှိ ၎င်း၏ အိမ်ရှေ့တွင် အနည်းဆုံးသေနတ်သမားနှစ်ဦးက ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ပြီးသည်နှင့် တိုက်ခိုက်သူများသည် ထွက်ပြေးခဲ့ကြသည်။ အရာရှိမှာ ဒဏ်ရာပြင်းထန်စွာရရှိပြီး အနီးရှိဆေးရုံတစ်ခုသို့ အမြန်ပို့ဆောင်ခဲ့သော်လည်း မကြာမီသေဆုံးသွားခဲ့သည်။

ဖြစ်စဉ်အား သိရှိပြီးနောက် စစ်တပ်နှင့် ရဲပေါင်းစည်းအဖွဲ့တစ်ခုသည် အခင်းဖြစ်ရာသို့ စုံစမ်းစစ်ဆေးရန် အမြန်သွားရောက်ခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် ပစ်ခတ်ရာ၌ အသုံးပြုခဲ့သော ၅ဒသမ၅၆မီလီမီတာကျည်ဆန် ၁၁ခုကို တွေ့ရှိခဲ့သည်။ တိုက်ခိုက်မှုမှာ တောင်ပိုင်းဆူပူသောင်းကျန်းမှုနှင့် ဆက်စပ်မှုရှိမရှိ ရဲတပ်ဖွဲ့က စုံးစမ်းစစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required