ဟောင်ကောင်တရားရေး အဆောက်အအုံပြင်ပတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက်ပိုင်း သံသယရှိသူ ဆယ်ဦးကို ရဲများ ရှာဖွေနေ

ဟောင်ကောင်တရားရေး အဆောက်အအုံပြင်ပတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက်ပိုင်း သံသယရှိသူ ဆယ်ဦးကို ရဲများ ရှာဖွေနေ

ဟောင်ကောင်၊ ဒီဇင်ဘာ ၁၂ ။            ။ ဟောင်ကောင် တရားရေးကောင်စီအဆောက်အအုံ အပြင်ဘက်ရှိ အမှိုက်ပုံးတစ်ပုံးတွင် ဒီဇင်ဘာ ၉ ရက် ညပိုင်းက အသေးစားပေါက်ကွဲမှုတစ်ခု ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း ယခုအခါ သံသယရှိသူ ၁၀ ဦးကို ရဲများက ရှာဖွေလျက်ရှိသည်။

ပေါက်ကွဲမှုတွင် အဓိကတာဝန်ရှိသူ အမျိုးသားနှစ်ဦးကို လုံခြုံရေးကင်မရာတွင် တွေ့ရှိခဲ့သော်လည်း ၎င်းတို့မှာ မျက်နှာဖုံးစွပ်ထားကြပြီး ဂျာကင်အကျီများ ဝတ်ဆင်ထားကြသည်။ တရားရေးကောင်စီတွင် အငြင်းပွားဖွယ် မူပိုင်ခွင့် ဥပဒေကြမ်း ဆွေးနွေးမှုအစည်းအဝေးတစ်ရပ်ကို ရက်ရွှေ့ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ခုနစ်နှာရီအကြာတွင် ယင်းအဖြစ်အပျက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပေါက်ကွဲပြီးနောက်မီးလောင်ခဲ့သော ယင်းအမှိုက်ပုံးကို နောက်ပိုင်းတွင် ဖယ်ရှားခဲ့ရပြီး ဒဏ်ရာရရှိသူမရှိခဲ့ပေ။ ဗုဒ္ဒဟူးနေ့ ည ၈ နာရီခွဲအချိန်ခန့်က လုံခြုံရေးကင်မရာ ဖမ်းယူရရှိခဲ့သည့် ပုံထဲတွင် မျက်နှာဖုံးစွပ် လူနှစ်ဦးက အမှိုက်ဗုံးထဲသို့ အရာဝတ္ထုတစ်ခုခု ကို ပစ်သွင်းခဲ့ကို မြင်တွေ့ခဲ့ရပြီး ယင်းနောက် အမှိုက်ပုံးတွင် မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် အသေးစိတ်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး အနီးအနားတွင် ဂက်ဆလင်ဒါ တစ်ခုနှင့် အရက်ပုလင်းတစ်ပုလင်းကို တွေ့ရှိခဲ့ရသည်။

စီစီတီဗွီတွင် ဖမ်းယူရရှိခဲ့သည့် မျက်နှာဖုံးစွပ်လူနှစ်ဦးပုံကို ရဲများက ဖြန့်ဝေထားပြီး ယင်းအချိန်က ၎င်းတို့အနားတွင် နောက်ကျောခိုင်းထားသည့် အခြားသော လူနှစ်ဦးကို လည်း ပုံထဲတွင်မြင်တွေ့ခဲ့ ရသေးသည်။

ဟောင်ကောင်တွင် လက်ရှိဆွေးနွေးနေသည့် မူပိုင်ခွင့် ဥပဒေကြမ်းသစ်ကြောင့် အင်တာနက်ပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကန့်သတ်ခံရမည့်အပေါ် စိုးရိမ်မှုများ ရှိနေကြပြီး ယင်းဥပဒေကြမ်းကို ပယ်ဖျက်ရန် အွန်လိုင်းပေါ်တွင် လူပေါင်း ၂၃၀,၀၀၀ က လက်မှတ်ထိုးတောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required