တပ်မတော်မှ ထိုးစစ်ဆင်နေမှုများချက်ချင်းရပ်ရန် ရ.လ.လ.ဖ နှင့် နိုင်ငံရေးအဖွဲ့ ၄၀ ကျော်တောင်းဆို

တပ်မတော်မှ ထိုးစစ်ဆင်နေမှုများချက်ချင်းရပ်ရန် ရ.လ.လ.ဖ နှင့် နိုင်ငံရေးအဖွဲ့ ၄၀ ကျော်တောင်းဆို
ဓာတ်ပုံ - မျိုးသူအောင်

နောင်ထော်ဝ် ၊ရှမ်းပြည်တောင်ပိုင်း ။          ။ တိုင်းရင်းသားဒေသများတွင် တပ်မတော်မှ ထိုးစစ်ဆင်နေမှုများ ချက်ချင်းရပ်ဆိုင်းပေးရန်နှင့် မတရားဖမ်းဆီးခံထားရသည့် သံဃာတော်များ နိုင်ငံရေးသမားများ အလုပ်သမားလယ်သမားများ အပါအဝင်နိုင်ငံရေး အကျဉ်းသားများအား ခြွင်း ချက်မရှိ လွှတ်ပေးရန် ၆၆နှစ်မြောက် ရှမ်းပြည် ပဒေသရာဇ်စနစ်ဆန့်ကျင်ရေးနေ့သို့ တက် ရောက်လာသည့် အဖွဲ့များ က တောင်းဆိုလိုက်သည်။

ဒီဇင်ဘာလ ၁၁ရက်နေ့တွင်ကျရောက်သော ၆၆နှစ်မြောက် ရှမ်းပြည်ပဒေသရာဇ်စနစ် ဆန့်ကျင်ရေးနေ့ကို ရှမ်းပြည်တောင်းပိုင်း ဆီ ဆိုင်မြို့နယ် နောင်ထော်ဝ်မြို့ရှိ ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွှတ်မြောက်ရေး အဖွဲ့ဗဟိုဌာနချုပ်တွင် နှစ်ရက်တာကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်သည်။

" အာမခံချက်ရှိတဲ့ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသောဖက်းရယ်ပြည်ထောင်စုနိုင်ငံသစ် တည်ဆောက်ရေး လွတ်တော်တွင်း လွတ်တော်ပြင်ပအင်အားစုတွေ ပူးပေါင်းဆောင်ရွက်ကြဖို့တိုက်တွန်းလိုပါတယ်။အထူးသဖြင့်တော့ ထိုးစစ်တွေ ရပ်တန့်ဖို့ ပြောချင်ပါတယ်" ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးအဖွဲ့(ရလလဖ) ဗဟိုကော်မတီဝင် ဗိုလ်မှူးကျော်သူကပြောသည်။

ယင်းအခမ်းအနားမှ တိုင်းရင်းသားဒေသများတွင် ပြုလုပ်နေသော တပ်မတော်မှထိုးစစ်ဆင်နေခြင်းကို ချက်ခြင်း ရပ်ဆိုင်းပေးရန်၊ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒ အရအနိုင်ရ ပါတီအား ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးရန်၊ မတရားဖမ်းဆီးခံထားရသည့် သံဃာတော်များ လယ်သမားများ အလုပ်သမားများ ကျောင်းသားများ သတင်းမီဒီယာများအပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ နောင်တက်လာမည့် အစိုးရသစ်အဖွဲ့တွင် တိုင်းရင်းသားများ ထည့်သွင်းဖွဲ့စည်းသွားရန် စသည့် တောင်းဆိုချက် ၄ချက်ပါ ကြေညာချက်တစ်ဆောင်ထုတ်ပြန်ခဲ့သည်။

" တပ်မတော်ကတိုင်းရင်းသား ထိုးစစ်ဆင်နေတာတွေ ရပ်တန့်ဖို့ ဒီကနေတောင်းဆိုပါတယ်။ အပစ်အခတ်တွေ ရပ်စဲဖို့ကတော့ လုပ်စရာတစ်ခုပဲ ရှိတယ် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ပါပဲ" ဟု တိုင်းရင်းသားလူငယ်များကွန်ရက် ဥက္ကဌ မင်းနှောင်းထောက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly