ချာလ်တန်နောက်ခံလူ ဂိုမက်ဇ်ကို လီဗာပူးလ်အသင်း အပြီးသတ် ခေါ်ယူ

ချာလ်တန်နောက်ခံလူ ဂိုမက်ဇ်ကို လီဗာပူးလ်အသင်း အပြီးသတ် ခေါ်ယူ

ဇွန် ၂၂၊ လီဗာပူးလ်။ ။ လီဗာပူးလ်အသင်းသည် ချာလ်တန်အသင်းမှ လူငယ်နောက်ခံကစားသမား ဂျိုးဂိုမက်ဇ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။ လီဗာပူးအသင်းသည် အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည့် ဂိုမက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃ ဒသမ ၅ သန်း ပေးချေခဲ့ရပြီး ငါးနှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

ဂိုမက်ဇ်သည် ပြီးခဲ့သည့် သောကြာနေ့က ဆေးစစ်မှု ခံယူခဲ့ပြီးနောက် လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဂိုမက်ဇ်သည် ဇူလိုင်လ ၆ ရက်နေ့တွင် လီဗာပူးလ်အသင်းနှင့် ပူးပေါင်းမည် ဖြစ်ပြီး သြစတြေးလျနှင့် ကမ္ဘာ့အရှေ့ပိုင်းသို့ သွားရောက်မည့် ရာသီကြို ခရီးစဉ်တွင် လိုက်ပါရဖွယ် ရှိနေသည်။

စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီးနောက် ဂိုမက်ဇ်က 'အိပ်မက်တွေ အမှန်တကယ် ဖြစ်လာတာပါ။ လီဗာပူးလ်အသင်းဟာ ခမ်းနားကြီးကျယ်တဲ့  သမိုင်းကြောင်းတွေနဲ့ တကယ့်အသင်းကောင်းတစ်သင်းပါ။ ဒီအသင်းကို ကျွန်တော်ငယ်ငယ်လေးကတည်းက အားပေးခဲ့ပါတယ်။ အသင်းနဲ့ စတင်တွဲဖက်အလုပ်လုပ်ဖို့ စိတ်လှုပ်ရှားနေပါတယ်' ဟု လီဗာပူးလ်အသင်းဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။

ဂိုမက်ဇ်သည် ချာလ်တန်အသင်းမှာပင် လူငယ်ကစားသမားဘဝကို စတင်ခဲ့ပြီး ပြီးခဲ့သည့်ရာသီကမှ အသင်းကြီးတွင် စတင်ပါဝင်ခွင့်ရခဲ့သူ ဖြစ်သည်။ အင်္ဂလန် ယူ-၁၆၊ ယူ-၁၇၊ ယူ-၁၉ အသင်းများတွင် ပါဝင်ကစားခွင့် ရခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly