PSY ၏ တေးသီချင်း “ Daddy” ဘေလ်ဘုတ် ထိပ်တန်း ၁၀၀ စာရင်းတွင် ပါဝင်

PSY ၏ တေးသီချင်း “ Daddy” ဘေလ်ဘုတ် ထိပ်တန်း ၁၀၀ စာရင်းတွင် ပါဝင်

တောင်ကိုရီးယား အဆိုတော် PSY ၏ တေးသီချင်းသစ် “Daddy” သည် ဘေလ်ဘုတ် ထိပ်တန်း ၁၀၀ စာရင်းတွင် ပါဝင်ခဲ့ကြောင်း ဒီဇင်ဘာ ၈ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

PSY ၏ တေးသီချင်းများ ဘေလ်ဘုတ်ထိပ်တန်း ၁၀၀ စာရင်းတွင် ပါဝင်မှုသည် လေးကြိမ် မြောက် ဖြစ်သည်။ PSY ၏ ယခင်ကထွက်ရှိခဲ့သော “Gangnam Style” ၊ “Gentleman” နှင့် “Hangover” တေးသီချင်းတို့သည်လည်း ဘေလ်ဘုတ်စာရင်းတွင် ပါဝင်ခဲ့ဖူးသည်။

PSY ၏ “Gangnam Style” တေးသီချင်းသည် ခုနှစ်ပတ်ဆက်တိုက် ဘေလ်ဘုတ် ၁၀၀ စာရင်းတွင် နံပါတ် ၂ နေရာမှ ရပ်တည်ခဲ့ဖူးသည်။

PSY ၏ သတ္တမမြောက် တေးသီချင်း အယ်လ်ဘမ် “Chiljip Psy-da” ကို ဒီဇင်ဘာ ၁ ရက် ထုတ်ဝေခဲ့ကြောင်းနှင့် ယင်းတေးသီချင်း အယ်လ်ဘမ်တွင် ခေါင်းစဉ်တေးသီချင်း “Napal Baji” နှင့် “Daddy” တို့ အပါအဝင် တေးသီချင်းကိုးပုဒ် ပါဝင်သည်။ ယင်းတေးသီချင်း အယ်လ်ဘမ်သည် ထွက်ရှိပြီးသည့် အချိန်မှစ၍ ကိုရီးယား တေးဂီတဇယား အများအပြားတွင် နေရာယူထားသည်။

PSY သည် နှစ်ကုန်ဖျော်ဖြေပွဲ “All Night Stand 2015 _ Concert Got PSY ” ကို  Seoul Olympic Gymnastics Arena တွင် ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required